- Web Master
- ၀၂ သြဂုတ် ၂၀၂၄
(ကျန်းမာရေးဝန်ထမ်းတစ်ဦးအား မေးမြန်းတင်ပြသည်)
နိရဉ္စရာ (အင်တာဗျူး) ဇူလိုင် ၂/ ၂၀၂၃
ရခိုင်ပြည်မှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွား
ဒီနှစ်မှာလည်း ရခိုင်ပြည်မှာ
သွေးလွန်တုတ်ကွေးဖြစ်ပွားမှု လက်ရှိအချိန်အထိ လူပေါင်း ၄၀၀ ကျော် ရှိလာနေပြီ
ဖြစ်တဲ့အတွက် သွေးလွန်တုတ်ကွေး မဖြစ်ပွားရအောင် ဘာတွေလုပ်သင့်သလဲ။
ဖြစ်လာရင်ဘယ်လို ကုသမှု တွေလုပ်ဖို့သလဲ
ဆိုတာတွေကို သိရအောင်
စစ်တွေမြို့က ကျန်းမာရေး ဝန်ထမ်းတစ်ဦးကို
ဆက်သွယ်ပြီး မေးမြန်းတင်ပြလိုက်ပါတယ်။
မေး- သွေး လွန် တုတ်ကွေးမဖြစ်ပွားရအောင် ဘာတွေကြိုတင် ပြင်ဆင်ထားဖို့ လိုပါသလဲ။
ဖြေ- အဓိကတော့ ခြင်မကိုက်ရအောင် နေရမှာဖြစ်တယ်။ အသက်အုပ်စု အားဖြင့်ဆိုရင် မူကြိုကလေး အုပ်စု ဆိုရင် အများကြီး ဖြစ်ပါတယ်။ သူတို့ကို ခြင်အကိုက်မခံရအောင်နေရမယ်။ ခြင်အကိုက် မခံရအောင် နေရမယ် ဆိုတော့ ကျွန်တော်တို့မှာ အဓိက ကိုယ့်အိမ်ပတ်ဝန်းကျင် ကိုယ့်ရပ်ကွက် ပတ်ဝန်းကျင်တွေကို ပိုးလောက်လန့် မပေါက် ရအောင်လုပ်ရပါမယ်။ ခြင်က ရေတွေမှာ ပေါက်တဲ့အတွက် အသစ်ရေမလဲနိုင်၊ မသယ်နိုင်တဲ့ ကန်တွေမှာဆိုရင် သန့်ရှင်းအောင် လုပ်ထားရမယ်။ ဘုရားပန်း အိုးတွေကို ၂ ရက် တစ်ကြိမ်၊ သုံးရက် တစ်ကြိမ် ရေလဲရတာမျိုးတွေ။ ခြင်မပေါက်ဖွားအောင် လုပ်ရမှာပါ။ ခြင်ပေါက်ဖွားနှုန်း လျော့သွားလို့ရှိရင် သွေးလွန်တုတ်ကွေးတွေက အလိုလိုပျောက်သွားမှာ ဖြစ်ပါတယ်။ အဲလို မျိုးမဟုတ်ဘဲ ဒီတိုင်း အမှိုက်တွေကိုလည်း စုပုံထားမယ်။ ကိုယ့်အိမ် ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေးမလုပ်။ တခြားလူ လာလုပ်မှ လုပ်မယ်လို့ စောင့်နေရင်တော့ ခြင်ကိုက်နှုန်းများလာရင် သွေးလွန်တုတ်ကွေး ဖြစ်မှုတွေ လည်း များလာမှာ ဖြစ်ပါတယ်။
နိရဉ္စရာ- သွေးလွန်တုတ်ကွေးက
ဘယ်လို အသက်အရွယ်မျိုးတွေမှာ အဖြစ်များတတ်ပါလဲ ဆရာ။
ဖြေ- သွေးလွန်တုတ်ကွေးက
အသက်အုပ်စုဆိုရင် များသောအားဖြင့် ၁ နှစ်ကနေ ၄ နှစ်၊ ၅ နှစ်ကနေ ၉
နှစ်အုပ်စုတွေမှာ အဖြစ်များတတ်ပါတယ်။
နိရဉ္စရာ- တကယ်လို့
သွေးလွန်တုတ်ကွေးရောဂါ ဖြစ်လာရင် ဘယ်လို ကုသမှုတွေ လုပ်သင့်ပါလဲ။
ဖြေ- သွေးလွန်တုတ်ကွေးမှာက
ကာကွယ်ဆေးလည်းမရှိပါဘူး။ သွေးလွန်တုတ်ကွေးမှာ
ကျွန်တော်တို့ အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။ သူတို့က ဗိုင်းရစ်ကြောင်း
ဖြစ်တာဖြစ်တဲ့အတွက် တခါမှ မဖြစ်ဖူးသေးတဲ့ ကလေးဆိုရင် ပထမတစ်ကြိမ်
ဖြစ်လာရင် လူမသိ သူမသိ
ဖျားတာမျိုးတွေလည်း ရှိနိုင်တယ်ပေါ့နော်။ တစ်ရက် နှစ်ရက်
သုံးရက်ဖျားပြီး အလိုလို ကောင်းသွားတာမျိုးတွေရှိတယ်။ ဥပမာ
ရပ်ကွက် တစ်ခုမှာ ကလေးတစ်ယောက် သွေးလွန်တုတ်ကွေး ရောဂါဖြစ်တယ်ဆိုရင်
အားလုံးက ကူးစက်နိုင်တယ်။
တကယ်လို့ ဖျားတယ်ဆိုရင်
အရည်များများ တိုက်ထားရမယ်။
အဲဒီအဆင့်က သွေးယိုစီးတဲ့အဆင့် ဖြစ်လာတယ်ဆိုရင် အနီစက်ကလေးတွေ
ထွက်လာမယ်။ အော့အံလာမယ်။ အော့အံလာတဲ့အခါ ကော်ဖီ အရောင်
တွေပါလာမယ်။ နောက်ပြီးတော့ မစင်တွေ မဲလာမယ်။ အဲလို လက္ခဏာတွေ
တွေ့လာရင် ဆေးရုံမှာ
ချက်ချင်း သွားပြီး ကုသဖို့လိုလာတယ်။ အဲလိုမျိုးမဟုတ်ဘဲ ကလေးက
ဃနာမငြိမ်တာမျိုး။ တစ်ကျီကျီ လုပ်နေတာမျိုး။ မှိန်းနေတာမျိုးဖြစ်လာရင်
ဆေးရုံကို သွားပြီးချက်ချင်း ကုသခံယူဖို့လိုတယ်။ ချက်ချင်း ကုသမှု
မလုပ်ရင် အသက် ဆုံးရှုံးနိုင်ပါတယ်။
နိရဉ္စရာ- တကယ်လို့
စနစ်တကျ ကုသမှုတွေ မရှိရင်ကော ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ- ကုသမှုမရှိရင်တော့
ကလေးဟာ နံပါတ်တစ် ဃနာမငြိမ်ဖြစ်လာမယ်။ နောက်ပြီး မှိန်းလာမယ်။ ဗိုက်အောင့်လာမယ်။
နောက်ဆုံးအဆင့်ကတော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အချိန်မီ ကုသဖို့ လိုပါတယ်။ နောက်ပြီး အိမ်မှာလည်း
ကလေးကို စနစ်တကျ ပြုစုဖို့လိုပါတယ်။ အရည်များများ တိုက်ပေးရမယ်။ ဓါတ်ဆား
ရည်တိုက်ထားဖို့၊ ကြက်ပြုတ်ရည်တွေ တိုက်ထားဖို့လိုပါတယ်။ သူက
သွေးလွန်တုတ်ကွေး
ဖြစ်တဲ့အတွက် သွေးယိုစီးမှု မဖြစ်ရအောင် ခန္ဓာကိုယ်မှာ အရည်ဓါတ်ကို
ပြန်ဖြည့်ထားဖို့လိုပါတယ်။ အဲလိုဆိုရင် သက်သာ လာမယ်။ အဲလို မျိုးမဟုတ်ဘဲ
တချို့ကလေးတွေ ဆိုရင်
အရည်တွေမသောက်ချင်ဘူး။ မိဘတွေကလည်း ဂရုမစိုက် ဘူးဆိုရင်
ခုနကပြောခဲ့သလိုမျိုး သွေးလွန်တုတ်ကွေးဖြစ်လာမယ်။ သွေးလွန်တုတ်ကွေး
အဆင့်က ကျော်လာရင် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။
သေချာကုသမှု မလုပ်ရင်တော့ ပိုပြီး
အသက်ဆုံးရှုံးဖို့ လွယ်ပါတယ်။
နိရဉ္စရာ- သွေးလွန်တုတ်ကွေးက ဘယ်လိုရာသီမျိုးမှာ အဖြစ်များတတ်ပါလဲ။
ဖြေ- မိုးရာသီမှာ
အဖြစ်များပါတယ်။ အဲဒါကြောင်း ကျွန်တော်တို့က အိမ်တစ်အိမ်မှာဆိုရင်
အမှိုက်တွေကို နွေရာသီကတည်းက မီးရှို့သင့်ရင် မီးရှို့ထားရမယ်။
မြေမြှုပ်သင့်ရင် မြေမြှုပ်ထားရမယ်။ မိုးစရွာကတည်းက ခြင်က ပေါက်ဖွားနေပြီဖြစ်ပါတယ်။
ပေါက်လာတဲ့ခြင်တွေမှာဆိုရင် ဟို အရင် နှစ်တွေက ဖြစ်ခဲ့တဲ့
နေရာတွေမှာ ဆိုရင် ဗိုင်းရစ်ပိုးတွေက အဲဒီခြင်တွေ၊ ခြင်ဥတွေမှာ ရှိပြီးသားဖြစ်တယ်။
ဒါကြောင်း မိုးရာသီ ခြင်ကိုက်နှုန်းများတဲ့ အချိန်မှာ သွေးလွန်တုတ်ကွေး
အဖြစ်နှုန်းကလည်း များတယ်။ စက်တင်ဘာလခန့်ဆိုရင် သူက အလိုလို ကျ သွားတယ်။
ဒီနှစ်မှာက မေလမှာ မိုးစရွာတဲ့အတွက် မေလကတည်းက သွေးလွန်တုတ်ကွေး
စများလာတာကို တွေ့ရပါတယ်။
နိရဉ္စရာ- လက်ရှိ
သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ဦးရေက ရခိုင်ဘယ်လောက်ရှိတယ်လို့
သိထားရပါလဲ။
ဖြေ-
စုစုပေါင်း ၃၀ ရက်နေ့အထိတော့ ၃၀၀ ကျော် ၄၀၀ ပတ်ဝန်းကျင်အထိရှိပါတယ်။ အဲဒီ
အထဲမှာ ကျောက်ဖြူက အများဆုံး ၁၀၄ ခန့်ရှိတယ်။ စစ်တွေက ၆၆ ယောက်။ ဇန်နဝါရီလကနေ
ဒီနေ့အထိပေါ့။ တောင်ကုတ်က ၆၃ ယောက်ခန့်ရှိတယ်။ တခြားမြို့နယ်တွေကတော့
၁ ယောက်၊ ၂ ယောက် အဲလိုမျိုးပါ။ အဲဒီအထဲမှာ ၁ နှစ် အောက်က ၁၀ ကျော်၊ ၂၀
ပတ်ဝန်းကျင်ရှိတယ်။ ၁ နှစ်ကနေ ၄ နှစ်ကတော့ ၁၄၀ ကျော်ခန့်ရှိတယ်။ ၄
နှစ်က နေ ၉ နှစ်ကတော့ ၁၆၀ ကျော်ခန့်ရှိတယ်။ ၁၀ နှစ်ကနေ ၁၄ နှစ်ကတော့ ၃၀
ကျော်ရှိတယ်။ ၁၅ နှစ် အထက် ကတော့ ၁၀ ကဏန်းကျော်ခန့်ရှိတယ်။ သူက ၁၅ နှစ်အောက်
အဖြစ်များ တာကို။ အခုမှ လူကြီးတွေ အနည်းငယ်ဖြစ်လာတယ်။
နိရဉ္စရာ- နောက်ထပ် ဆရာအနေနဲ့ ဘာများဖြည့်စွက်ပြီး
ပြောလိုတာမျိုးရှိပါလဲ။
ဖြေ- အများအားဖြင့်
ဒီသွေးလွန်တုတ်ကွေးရာသီမှာဆို
(ပြီး)