- Web Master
- ၃၀ ဇူလိုင် ၂၀၂၄
ချင်းပြည်၊ တီးတိန်မြို့နယ်၊ Taingen စခန်းကို ဇန်နဝါရီ ၁၆ ရက် နံနက်က ချင်းတော်လှန်ရေးတပ်ဖွဲ့ များမှ ပူးပေါင်းသိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်
၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ၂၉ ဦးသေဆုံးပြီး လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း The Mindat Post သတင်းအရ သိရသည်။
Taingen စခန်းကို CNA အပါအဝင် CDM-Siyin၊ CDF-KKG၊ CDF-Hualngoram၊ CDF-Zanniatram၊ CDF-Thantlang၊ CDF-Hakha၊ PDA စသည့် ချင်းပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၂ မှာစတင် တို၊က်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
စခန်းသိမ်း တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး၊ ရုပ်အလော၊င်းတွေ့ရှိခဲ့သည်ဟု Chinland Information Center တရားဝင် အတည်ပြုထုတ်ပြန်ထားသည်။