စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသည့် စက်လှေနှစ်စီး အီတလီကမ်းလွန်တွင် နစ်မြုပ်၊ ၁၁ ဦး သေဆုံးပြီး ၆၄ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 517

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၀/ ၂၀၂၄


ရွှေ့ပြောင်းနေထိုင်သူသူများလိုက်ပါ လာသည့်စက်လှေ နှစ်စီးသည် အီတလီနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတွင် ဇွန်လ ၁၇ရက်က နစ်မြုပ်ခဲ့ရာ (၁၁) ဦးသေဆုံးပြီး ၊ (၆၄)ဦး ပျောက်ဆုံး လျက်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီများကသတင်း ထုတ်ပြန်ခဲ့သည်။

 

 ကယ်ဆယ်ရေးသမားများသည်စက်လှေတစ်စီးအတွင်းမှ ရွှေ့ပြောင်းနေထိုင်သူ အများအပြားကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း အေပီသတင်းကဖော်ပြသည်။

 

အီတလီကမ်းလွန် လမ်ပီဒူဆာကျွန်းကျွန်းအနီးရှိ အခြားစက်လှေတစ်စီး ၏ ကုန်းပတ်အောက်တွင် ပိတ်မိနေသည့် ရုပ်အလောင်း ၁၀ လောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ ကြောင်း ဂျာမန် အကူအညီပေးရေး အဖွဲ့ Resqship မှ ဇွန်၁၇ရက်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

 

 ကာရေဗီယံကမ်းလွန်မှ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာတွင် နစ်မြုပ်ခဲ့သည့်စက်လှေ တစ်စင်းသည် တူရကီမှလွန်ခဲ့သည့် ရှစ်ရက်က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စက်လှေမှာ မီးလောင်ပြီး တိမ်းမှောက် ခဲ့ရခြင်းဖြစ် ကြောင်း အသက်ရှင် ကျန်ရစ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကုလသမဂ္ဂ အေဂျင်စီများက ပြောကြားခဲ့သည်။

 

 ပြင်သစ်သင်္ဘောတစ်စင်း ထံမှအကူအညီတောင်းဆိုချက်ကိုလက်ခံရရှိပြီး နောက်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ခြင်းဖြစ် ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါစက်လှေသည် ဂရိနှင့် အီတလီနယ်စပ်ရှိ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်နိမိတ်အတွင်း ခုတ်မောင်းနေခြင်းဖြစ်သည်။

 

 ပင်လယ်ပြင် တွင်ပျောက်ဆုံးနေသူများ နှင့် အသက်ရှင်ကျန်ရစ်သူများ မှာ အီရန်၊ ဆီးရီးယားနှင့် အီရတ်တို့မှ ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီများက ပြောကြားခဲ့သည်။

 

 အသက်ရှင်ကျန်ရစ်သူများကို ကာရေဗီယံ ဆိပ်ကမ်းသို့ ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများထံ အပ်နှံ ခဲ့သည်ဟုဆိုသည်။

 

ကယ်ဆယ်ခဲ့သည့်ရွှေ့ပြောင်းနေထိုင်သူ (၁၁) ဦးထဲက တစ်ဦး သည် သေဆုံးသွားခဲ့ကြောင်း ကမ်းခြေ စောင့်တပ်ဖွဲ့က ပြောဆိုသည်။

 

ဒုတိယစက်လှေ တွင် (၆၁)ဦးလိုက်ပါလာပြီး (၅၁)ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းကုန်းပတ် အောက်တွင် သေဆုံးသူ ၁၀ ဦး၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြောင်းကမ်းခြေစောင့်တပ်ဖွဲ့က ဆက်လက် ပြောဆိုသည်။ Source/AP and Photo by Philippine News Agency

ဆက်စပ် သတင်းများ