- Web Master
- ၂၆ မတ် ၂၀၂၄
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
ရခိုင်တွင် စစ်ရှုံးနေသည့်ကိစ္စများနှင့် ပတ်သက်၍ အစည်းအဝေးတွင် စကားများ ရန်ဖြစ်ကြရာမှ တိုင်းမှူး နှင့် ဒကစမှူးတို့ ထိုးကြိတ်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
"မျိုးမင်းလတ်က အရာရှိလေ့ကျင့်ရေးကျောင်း
အပတ်စဥ်၂၆ ကဆင်းတာ။ တိုင်းမှူးက DSA ကျောင်းဆင်း အပတ်စဥ် ၃၅ က။ ရာထူးလည်း နည်းနည်းကြီးတယ်။ ဗိုလ်ချုပ်ဆိုတော့ မင်းတို့အရာရှိ
လေ့ကျင့်ရေး ကျော
ယင်းသို့ စကားများရန်ဖြစ်ပြီးနောက် တိုင်းမှူး၏တိုင်ကြားချက်ကြောင့်
"အစည်းအဝေးမှာ စကားများရန်ဖြစ်ပြီးတော့ တိုင်းမှူးက လှမ်းတိုင်တာ စစ်ရုံးချုပ်က လာဖမ်းသွားတယ်။ အခု သူတို့ကို ဗဟိုမှာ၊ စစ်ရုံးချုပ်မှာ စုံခုံဖွဲ့ပြီး စစ်ဆေးနေတယ်"ဟု ပြောသည်။
တပ်တွင်း သတင်းရင်းမြစ်များအရ
ယခုကဲ့သို့ အဆင့်မြင့် စစ်ကောင်စီတပ်မှူးများအဆင့် ရန်ဖြစ်ကြခြင်းသည် ဖေဖော်ဝါရီ ၂၄
ရက်နေ့က ရမ်းဗြဲမြို့သို့ စစ်ကူပို့ရာတွင်
စစ်သားအယောက် ၈၀ ကျော်ချေမှုန်းခံရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးရမှုနှင့် ပတ်သက်ပြီး
တစ်ဦးနှင့် တစ်ဦး အပြစ်တင်စကားများရာမှ ထထိုးကြခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်မြို့တော် စစ်တွေကို ရက္ခိုင့်တပ်တော်က လက်နက်ချရန်နှင့်
လက်နက်မချပါက ဝင်ရောက် တိုက်ခိုက်မည်ဟု သတိပေးထားပြီး တပ်တွင်းတွင်လည်း စိုးရိမ်မှုများရှိနေပြီး
တပ်မိသားစုအများစုမှာ ရန်ကုန်အပါအဝင် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်သွားကြပြီဟု သိရှိရသည်။
စစ်ကောင်စီတပ်သည် ရခိုင်စစ်မြေပြင်တွင် အကြီးအကျယ်စစ်ရှုံးနေပြီး ထိခိုက်ကျရှုံးမှုများနေသည့်အတွ