စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးသည့် အေဂျင်စီ ၈၁ ခုကို စစ်ကောင်စီ အရေးယူထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 261

နိရဉ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၄

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးသည့် အေဂျင်စီ ၈၁ ခုကို စစ်ကောင်စီ အရေးယူထားကြောင်း သိရသည်။

ထိုသို့ အရေးယူထားခြင်းမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေ၏ မိသားစုလွှဲပို့ငွေ သတ်မှတ်ရာခိုင်နှုန်းပြည့်မီအောင် ပေးပို့နိုင်ခြင်းမရှိသည့်အတွက်  အေဂျင်စီ ၈၁ ခုကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ပြီး အရေးယူမှု ပြုလုပ်ထားသည်ဟု သိရသည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ပထမ ၃ လအတွင်း ပြည်ပရောက် အလုပ်သမားများ၏ မိသားစုဆီ လွှဲပို့ငွေအထောက်အထားများကို လာရောက်တင်ပြရန်  အေဂျင်စီတွေကို ညွှန်ကြားထားသည်။

အရေးယူခံထားရသည့် အေဂျင်စီများအထဲတွင်  ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် အေဂျင်စီအများစု ပါဝင်နေသည်ဟု ဆိုသည်။

ထိုသို့ ပြည်ပသို့ အလုပ်သမားများ ပို့ဆောင်သည့် အေဂျင်စီတချို့အား အရေးယူခံထားရသဖြင့် ပြည်ပထွက်ရန် ချိတ်ဆက်ထားသူများ အခက်ကြုံနေကြရသည်ဟု သိရသည်။

ယခုကဲ့သို့ အရေးယူခံထားရသည့် အေဂျင်စီများနှင့် ချိတ်ဆက်ထားသည့် အလုပ်သမားများ အနေဖြင့်  ပြည်ပထွက်ခွာခွင့်ရဖို့ အချိန်ကြန့်ကြာမှုတွေရှိလာသည့် အဖြစ်မျိုးနှင့် ကြုံနေရတသည်ဟု အလုပ်သမားတချို့က ပြောဆိုသည်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားသည့် အေဂျင်စီ ၆၀၀ နီးပါးရှိပြီး လစဉ်အလုပ်သမား သောင်းနှင့် ချီပြီး  ပြည်ပကို ထွက်ခွာနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

Source and Photo - BETV Business

ဆက်စပ် သတင်းများ