ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်ကောင်စီဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်အချို့ လျှော့ပေါ့ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 689

မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ချမှတ်ထားသောပြစ်ဒဏ်များအနက် ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ကာ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

 အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး​၏ အမိန့်ဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ပြစ်ဒဏ် (၅)ခုအားလည်းကောင်း၊ ဦးဝင်းမြင့်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ပြစ်ဒဏ်(၂)ခုကိုလည်းကောင်း လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

 

နေပြည်တော်တွင် ယနေ့ ဩုတ်လ(၁)ရက်၊ ဒုတိယဝါဆိုလပြည့်နေ့ ၌ ကျင်းပပြုလုပ်သည့် မာရဝိဇယ ရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။



 

ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက် နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ပုဒ်မပေါင်း (၁၉)ခုဖြင့် ထောင်ဒဏ် (၃၃)နှစ်ချမှတ်ခံထားရပြီး ဦးဝင်းမြင့်မှာလည်း နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည်။

 

 ပြစ်ဒဏ်အချို့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းသာဖြစ်၍ လုံးဝအကျဉ်းထောင်မှ လွတ်မြောက်လာခြင်း ဟုတ် မဟုတ် မသိရှိရသေးပေ။

 

ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၇၇၄၉)ဦး လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသလို ဖမ်းဆီးထိန်းသိမ်းခံထားရသော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့လည်း ပြန်လည်လွတ်မြောက်လာသည်ဟု သိရှိရသည်။

 

NN-27

ဆက်စပ် သတင်းများ