ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ကော့စ်ဘဇားခရိုင် ကူတူပါလောင်ဒုက္ခသည်စခန်းမီးလောင်၍ အိမ် ၁၀၀၀ ခန့်မီးထဲပါ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 898

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော မွတ်ဆလင် ဒုက္ခသည်များနေထိုင်သည့် ကူတူပါလောင်စခန်းတွင် ယနေ့ နံနက် အစောကြီးက မီးလောင်၍ အိမ်ပေါင်း ၁၀၀၀ ခန့် မီးထဲပါသွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ဒေသသတင်းများတွင် ဖော်ပြသည်။

အဆိုပါ မီးလောင်မှုမှာ ဇန်န၀ါရီလ ၇ ရက် နံနက် အစောကြီး ည ၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ ကူတူပလောင်စခန်း အမှတ် (၅) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်သေဆုံးမှု ရှိ မရှိ ချက်ချင်း သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။

လက်က်ကိုင်ရဲတပ်ရင်း (APBN)-14 မှ ရဲမှူး Mohammad Iqbal က မီးသတ်တပ်ဖွဲ့၏အကူအညီဖြင့် မီးထိန်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေး ပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း၊ မီးလောင်မှုမှာ  မီးရှို့မှု သို့မဟုတ် အစီအစဉ်ဖြင့် မီးရှို့ခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းရဲမှူးက  ဆက်လက်ပြောသည်။

မီးလောင်မှု မည်ကဲ့သို့ ပျံ့နှံ့ လောင်ကျွမ်းသွားသည်ကိုလည်း ုံစမ်းလျက်ရှိသည်။ (NN-30)

 Ref: Ukhiya News

ဆက်စပ် သတင်းများ