ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အကြမ်းဖက်တိုက်ခိုက်မှုများမှ ရှောင်ရှားရန် မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံခြားရေး၀န်ကြီး က တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 838

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၄/၂၀၂၄

မြန်မာစစ်တပ်၏ အရေးကြီးသော နယ်စပ်ကုန်သွယ်ရေးမြို့ ဆုံးရှုံးသွားခြင်းအတွက် အပြင်းအထန် တုံ့ပြန်ခြင်းမပြုရန် မြန်မာစစ်တပ် အာဏာပိုင်များအား ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း တောင်းဆို လိုက်ကြောင်းအေပီ သတင်းဖော်ပြချက်အရသိရသည်။

မြန်မာစစ်တပ်သည် ၂၀၂၃ ခုနှစ်အောက်တိုဘာလမှ စတင်၍တိုက်ပွဲများတွင် မကြုံစဖူး ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီးမကြာခဏလေကြောင်း အင်အား ကို အသုံးပြု၍ ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်လေ့ရှိသည်။

ထို့ကြောင့်လည်း မြန်မာစစ်တပ်က အကြမ်းဖက်မှုများလုပ်ဆောင်လာမည်ကို မမြင်လိုကြောင်း Parnpree က သတင်းထောက်များအား ပြောဆိုသည်။

မြန်မာစစ်တပ်သည် မြဝတီမြို့ကို တန်ပြန်တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ထောင်နှင့်ချီသောမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြသည်။

မြန်မာထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင် မည်ကိုစိုးရိမ်နေကြသည်။

" အကြမ်းဖက်မှုတွေ မဖြစ်စေချင်ပါဘူး။ သူတို့အကြား ဆွေးနွေးပွဲတွေဖြစ်လာရင် ကျနော်တို့က ကြိုဆိုပါတယ်၊ ပြီးတော့ ကျနော်တို့က ၀င်ရောက် ဖျန်ဖြေပေးစေချင်ရင် လည်းညှိနှိုင်းကူညီဖို့ ကျနော်တို့ အသင့်ရှိပါတယ်” ဟုParnpree က ပြောသည်။

Source/AP

Thai official warns Myanmar’s military to avoid violent attack

ဆက်စပ် သတင်းများ