သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

WFP က ရေဘေးသင့်ပြည်သူတစ်သိန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 349

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် / ၂၀၂၄

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်ငါးခုမှ ရေဘေးသင့် ပြည်သူ တစ်သိန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူးနှင့် မကွေးတိုင်းတို့ရှိ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀၀၀၀ အတွက် အသက်ကယ်ဆယ်ရေးအထောက်အပံ့များ ပေးလျက်ရှိသည်ဟု WFP က ယနေ့ သြဂုတ်လ ရက်တွင် ထုတ်ပြန်သည်။

ငွေသား၊ ဆန်၊ အာဟာရမှုန့်နှင့် အာဟာရဖြည့် ဘီစကွတ်များကို ထောက်ပံ့ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

WFP မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Paolo Mattei က "နိုင်ငံတဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလိုရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ပိုပြီး ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်ကြရတယ်"ဟုပြောသည်။



လက်ရှိ နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ WFP အနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ဆောင်ရွက်သွားရန် အဆင်သင့်ပြင်ဆင်လျက်ရှိသည်ဟုလည် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဇွန်လနှောင်းပိုင်းမှစတင်ခဲ့သည့်မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြင်းထန်သောရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် လူဦးရေပေါင်း သိန်းကျော် ထိခိုက်ခဲ့ကြရပြီး အများအပြားမှာ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်ဟုလည်း WFP ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WFP ယခု စားနပ်ရိက္ခာထောက်ပံ့ပေးနေရာတွင် ရခိုင်မှ ရေဘေးသင့်ပြည်သူများအတွက် ပါဝင်မှုမရှိသည်ကိုတွေ့ရသည်။


ရခိုင်တွင်ဆိုလျှင်လည်း ဇူလိုင်လနောက်ဆုံးပတ်မှစတင်ကာ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။

အလားတူ သြဂုတ်လ အစောပိုင်းတွင်လည်း မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများကို ကြုံခဲ့ရသည်။

ယင်းဖြစ်စဥ်များကြောင့် လူအသေအပျောက်တချို့ရှိခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ယင်းအပြင် စိုက်ပျိုးပြီးစ စပါးခင်းများနှင့် လယ်ဧကသောင်းနှင့်ချီလည်း ရွှံ့နွံများဖုံးလွှမ်းကာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု လယ်သမားများက ပြောသည်။


(Photo by WFP)

ဆက်စပ် သတင်းများ