စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ပြိုင်းတိုင်းရွာသား ၃ ဦးဒဏ်ရာရ၊ ဆေးရုံကို ယူဆောင်ရန် အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မြောက်ဘက်တွင် တည်ရှိသည့် ပြိုင်းတိုင်းကျေးရွာထဲ ယနေ့ နေ့လယ် ၁၂ နာရီက လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲ၍ အသက် ၈ဝ ကျော် အဖွားကြီး တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွားခဲ့ပြီး ကျောက်တော် ဆေးရုံသို့ ယူဆောင်ရန် အခက်အခဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူများမှာ ပြိုင်းတိုင်းရွာနေ အသက် ၈ဝ ကျော်အရွယ် ဒေါ်လှမြဦး၊ အသက် ၁ဝ နှစ်အရွယ် လှသိန်းမောင်နှင့် အသက် ၅ဝ အရွယ် ဦးစောမြင့် ဖြစ်ကြောင်း သိရသည်။

ပြိုင်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဦးစောမြင့်က ရင်ဘတ်မှာထိ ကျည်စထိထားတယ်။ ကလေး လှသိန်းမောင်မှာ လက်မောင်းကို ဖောက်သွားတယ်။ ဒေါ်လှမြဦးမှာတော့ လက်ကောက်ဝတ်ကို ထိထားပါတယ်။ ဒဏ်ရာက ကျည်စဝင်တွေ ဝင်နေတယ် ထင်ပါတယ်။ ကျောက်တော်ဆေးရုံကို ယူဖို့ စက်လှေ အသွားအလာကို ပိတ်ထားတဲ့ အတွက် ယူလို့ မရဘူး။ ရွာပြင်ကို ထွက်ရင် စစ်တပ်က သေနတ်နဲ့ ပစ်ပါတယ်။ ဘယ်သူမှ မသွားရဲဘူး။ ရွာဆေးခန်းမှာဘဲ လက်ရှိ ကုနေရပါတယ်” ဟု ပြောကြားသည်။

ဒဏ်ရာက မပြင်းထန်သော်လည်း ကျည်စ ဖြစ်သဖြင့် အသားထဲ ဖောက်ဝင်နေပါက အန္တရာယ်များသဖြင့် ကျောက်တော်ဆေးရုံသို့ယူဆောင်နို်င်ပါက ပိုကောင်းမည်ဟု သူတို့၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

“ လက်နက်ကြီးက ကျောက်တော် တပ်မကနေ တိုက်ပွဲ ဖြစ်နေတဲ့ ပြိုင်းတိုင်းနဲ့ တင်းမ ကျေးရွာအကြားကို ပစ်တာပါ။ အဲဒီ အထဲက လက်နက်ကြီးကျည်တစ်လုံးက ဦးမောင်ရွှေလှ အုန်းပင်ကို ကျပြီး ပေါက်ကွဲပါတယ်။ အဲဒီ ပေါက်ကွဲရာကနေ ကျည်စတွေ ရွာသားတွေကို ထိမှန်တာပါ” ဟု ၎င်း အမျိုးသမီးက ပြောကြားသည်။

ယနေ့တွင် တင်းမကျေးရွာ အရှေ့ဘက် ဝါးခုတ်တောင်တန်း၌ နံနက် ၈ နာရီမှ စပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားနေပြီး  လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်သံများကို ကြာခဲ့ရပြီး နေ့လယ် ၁ နာရီကျော်ထိ လက်နက်ကြီးပစ်သံများကို ကြားနေရသည်ဟု တင်းမကျေးရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

-------------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၃/၂ဝ၂ဝ









ဆက်စပ် သတင်းများ