သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မွန်ပြည်နယ်တွင် ၃ ရက်အတွင်း မလေးရှားသို့သွားမည့် မွတ်ဆလင် ၂၀၀ နီးပါးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.3k

နိရဉ္စရာ၊ မတ် ၃၀၊  ၂၀၂၃

 

မတ်လ ၂၄ ရက်မှ ၂၆ ရက် ရက်အတွင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မလေးရှားသို့ သွားရန် စက်လှေဖြင့် ရောက်ရှိလာကြသည့် မွတ်ဆလင် ၂၀၀ ခန့် ဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။

 

မတ်လ ၂၄ ရက်က သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံအတွင်း မွတ်ဆလင် ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသအတွင်း မီဒီယာ သတင်းများအရ သိရသည်။

 

ကွင်းဆက်အနေဖြင့်  မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ဝင်းစိန်ကျေးရွာအနီးတွင် ကျား ၂၈ ဦးနှင့် ဦး စုစုပေါင်း ၃၁ ဦးကို ထပ်မံဖမ်းဆီးခံခဲ့ရပြီး မတ်လ ၂၆ ရက်နေ့တွင်လည်း ခလောက်ချကျေးရွာတွင် ကျား ဦးနှင့် ဦး စုစုပေါင်း ၁၄ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

 

ပြီးခဲ့တဲ့ ရက်အတွင်းမှာ ဖမ်းမိတာက ကျား ၁၃၀ ဦး၊ ၆၉ ဦး စုစုပေါင်း (၁၉၉) ဦး ဖမ်းဆီးရမိခဲ့တယ်ဟု သံဖြူဇရပ်ရဲ့တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သတင်းတွင် ဖော်ပြသည်။  

 

၎င်းရခိုင်ပြည်နယ်မှ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းသို့ စက်လှေဖြင့် ရောက်ရှိ လာကြောင်းနှင့် ၎င်းတို့သည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများဖြစ်ကြောင်း၊  ဖမ်းဆီးရမိထားသူများကို လက်ရှိ သံဖြူဇရပ်မြို့ ဘောလုံးကွင်းရှိ အားကစားခန်းမတွင် ထိန်သိမ်းစောင့်ရှောက်ထားပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းဖြင့်လည်း ဆက်လက်ဖော်ပြထားသည်။


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ဖမ်းဆီးခံရသည့် မွတ်ဆလင်ပေါင်း ၂ ထောင်ကျော်ခန့်ရှိကြောင်း စစ်ကောင်စီ၏မှတ်တမ်းများအရ သိရသည်။

(ဓာတ်ပုံ- IMNA)

ဆက်စပ် သတင်းများ