သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ပလက်ဝမြို့တွင် သောက်သုံးရေပြတ်လပ်မှုနှင့် ရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 310

စောရှင်မေ/ နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄

 

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ပြီးနောက် စက်သုံးဆီဈေး တစ်လီတာကို ကျပ် ၂သောင်းမှ သောင်းအထိရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ထောင်ထိ ကျဆင်းသွားခဲ့သော်လည်း စက်သုံးဆီပြတ်လပ်မှုရှိနေ၍ ရေတင်ရန်အခက်အခဲဖြစ်ရာမှ သောက်သုံးရေရှားပါးနေသည်ဟု ဒေသခံများက ပြောကြားသည်။

 

ပလက်ဝတွင် လျှပ်စစ်မီးမရရှိသည့်အတွက် စက်သုံးဆီသုံး မော်တာစက်များဖြင့် ရေတင်ရန် လုပ်ဆောင်နေကြရပြီး စက်သုံးဆီရှားပါးနေသည့်အတွကသောက်သုံးရေ ရရှိရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။

 

ဒေသခံတစ်ဦးက " မီးလည်းမရဘူး။ ရေကလည်း ပြတ်တောက်ပြတ်တောက်နဲ့။ အရင်ကဆိုရင် တစ်ရက်ခြားတစ်ခါ ၄၅ မိနစ် ရေပေးတယ်။ အခုဆိုရင် တစ်ရက်ခြားကို ၂၀၂၅ မိနစ်လောက်ပဲ လာတော့တယ်။ ဒီလိုမျိုးက တစ်လလောက်ရှိနေပြီ။ ရေသိပ်အခက်ခဲရှိနေပါတယ် " ဟုပြောသည်

 

ရပ်ကွက်အလိုက် ရေပေးဝေမှုများရှိသော်လည်း စက်သုံးဆီဈေးနှုန်းမြင့်မားနေသည့်အတွက် အချိန်အကန့်အသတ်ဖြင့်သာ ရေပေးဝေနေခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

" ချောင်းရေကို စက်နဲ့ ရေလှောင်ကန်ထဲတင်ပြီးတော့ ဖြန့်ဝေပေးတာလေ။ အဲ့တော ဆီလိုတာပေါ့နော်။ ရေပေးစနစ်အတွက် ငွေကြေး နည်းနည်းလောက်တိုးမြှင့်ကောက်ယူသင့်ရင် ကောက်ယူပါ။ နှစ်ရက်မှ မိနစ် ၂၀ လောက်ပဲ ရေရတော့ အဆင်မပြေဘူး။ ရေကို ချွေတာသုံးတယ်။ အိမ်မှာရေမလုံလောက်ရင် ချောင်းမှာဆင်းချိုးကြတယ်။ ရေခမ်းနေတဲ့ချောင်းတွေထဲ တွင်းတူးထားပြီး အနည်ထိုင်နေတဲ့ရေကို အသာခပ်ယူရတယ်။ ဝမ်းရောဂါတွေဖြစ်မှာကိုစိုးရိမ်ပါတယ်" ဟုပြောသည်။

 

ပလက်ဝမြို့တွင် ရေအခွန်ခ တစ်လလျှင် ကျပ် ၃၀၀၀ ခန့် ပေးဆောင်နေရသော်လည်း စက်သုံးဆီဈေးကြောင့် ယခုလိုအခက်အခဲဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ပလက်ဝမြို့မှ လူမှုရေးလှုပ်ရှားနေသူများက ပြောသည်။ 

 

တိုက်ပွဲမဖြစ်ပွားမီက ပလက်ဝမြို့တွင် စက်သုံးဆီဈေး တစ်လီတာကို ကျပ် ၂သောင်းမှ သောင်းအထိပေးဝယ်ခဲ့ရပြီး လက်ရှိတွင် အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဆီဈေးနှုန်းမှာ တစ်လီတာကို ထောင်ကျပ်ပေးဝယ်နေရခြင်းဖြစ်ကြောင်းသိရသည်။

 

ပလက်ဝဒေသမှာ စစ်ကောင်စီလက်ထက်က  တောင်ပေါ်ဒေသဖြစ်သည့်အပြင် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲရှိခဲ့ပြီး ပညာရေး၊ ကျန်းမာရေးကအစ နောက်ကျ ကျန်နေခဲ့သည့် ဒေသတစ်ခုဖြစ်သဖြင့်  လက်ရှိတွင် AA က ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းနေဆဲ မြို့တစ်ခုဖြစ်သည်

ဆက်စပ် သတင်းများ