- Web Master
- ၃၁ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်ထူထပ်သည့် ယူနန်ပြည်နယ်၊ ကျန်ရှင်းဒေသတွင် ပြီးခဲ့သည့် တနင်္လာနေ့ အရုဏ်တက်ချိန်က မြေပြိုမှုဖြစ်ပွါးရာ သေဆုံးသူ ၃၁ ဦး ရှိပြီဟု တရုတ်အစိုးရသတင်းဌာန က ကြေညာသည်။
မြေပြိုမှုကြောင့် နေအိမ် ၁၈လုံး မြေကြီးဖုံးလွှမ်း ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများအကြား ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါဒေသတွင် နှင်းများထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀၀ မှာ ရှာဖွေကယ်ရေးကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသည်။ မြေပြိုမှုဖြစ်ပွါးပြီး ၃၆ နာရီအကြာတွင် သေဆုံးသူ လူ ၃၁ ဦးရှိပြီဟု ဆင်ဟွာသတင်းက ဖော်ပြပြီး ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်ဟုဆိုသည်။
မြေပြိုမှုမှာ မတ်စောက်သော တောင်ကမ်းပါးယံပြိုကျမှုကြောင့် ဖြစ်ကြောင်း အဆိုပါဒေသရှိ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
NN-27
ref:Dhaka tribune