စစ်တွေ၊ ဖေဖော်ဝါရီ ၁၂ / ၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သူ ၄၆ ဦးသည် ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ပါဝင်လာကြောင်း သိရသည်။
၄င်းတို့သည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်သော ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ထာဝရငြိမ်းချမ်းရေးကိုရှေးရှု၍ဟုဆိုကာ နစကကောင်စီ၏ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အကျဉ်းသား ၈၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ပါဝင်လာခြင်းဖြစ်သည်။
တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော ၄င်းတို့၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကိုထုတ်ပြန်လိုက်သည်ဟုလည်း နစကကောင်စီက ထုတ်ပြန်ထားသည်။