- Web Master
- ၀၆ ဇွန် ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၅ ရက်/၂၀၂၄
အင်အား ထောင်ဂဏန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်နယ်ခြားခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၆ )အား စွန့်ခွာသွားပြီးနောက် မေလ ၄ ရက် နံနက်ပိုင်း၌ အာရက္ခတပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း အင်းဒင် ဒေသခံများထံမှ သိရသည်။
" ဒီနေ့မနက်မှာ အင်းဒင် နခခ (၆ )ကို AA အပြီးသတ်သိမ်းလိုက်တာ။ အေအေ ဖက်က လေးဖက်လေးတန်က ပိတ်ဆို့ထားတာ လနဲ့ချီကြာသွားပြီ။ အနီးအနားမှာရှိတဲ့ အင်းဒင်ကျေရွာ နဲ့ ပဲရုံကျေးရွာတွေက ရွာသားတွေလည်း ထွက်ပြေးခဲ့ကြရတာ ကြာနေပါပြီ" ဟု ပြောကြားသည်။
အင်းဒင်စခန်းက နယ်မြေမှူးနှင့် နယ်ခြားစောင့်များသည် အာရက္ခတပ်တော် (AA) တိုက်ခိုက်လာမည်ကို အကြောက်လွန်စိုးရိမ်ပြီး စခန်းအား စွန့်ခွာပြီး ကျောက်ပန်းဒူနယ်စခန်းဖက်သို့ ထွက်ပြေး သွားခဲ့ကြသည်ဟု ဒေသခံများကပြောဆိုသည်။
ဒေသခံ တစ်ဦးက "အင်းဒင် ကနယ်ခြားစောင့်တွေ ထောင်ချီပြီး ကျောက်ပန်းဒူဖက်ကို ထွက်ပြေးကြတာ။ AA တိုက်လာနိုင်တယ်ဆိုတော့ သူတို့စိတ်ထဲမှာ အကြောက်တရားက လွမ်းမိုး ကြသွားကြပြီ"ဟု ဒေသခံတွေကပြောဆိုသည်။
အင်အား ထောင်ချီ ရှိနေတဲ့ အင်းဒင်နယ်ခြားစောင့်တပ်ဖွဲခွဲ၌ စခန်း နခခ(၆)အား AA မှ တစ်လနီးပါး ဝိုင်းထားပြီးနောက် မေလ ၅ ရက် ယနေ့ ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
မောင်တောမြို့နယ်တောင်အပိုင် နယ် မြေ(၆)အင်းဒင်စခန်းကြီးအားသိမ်းပိုက်အပြီး ကျန်ရှိနေတဲ့ နခခ(၉) မြင်းလွှတ် အပါအဝင် မေရဝတီဗျူဟာ၊မောရဝတီ နခခ(၄)၊အလယ်သံကျော် နယ်မြေ(၆)၊ ပန်းတောပြင်စခန်း၊ နခခ(၂)၊နခခ(၅) မြို့ဝင်စခန်းများသာကျန်ရှိတောကြောင်း မောင်တောဒေသခံများထံမှ သိရသည်။