အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောတောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအနီး‌ရှိ စစ်ကောင်စီစခန်း ၃ ခုအနက် ၂ ခုအား AA ထိုးစစ်ဆင်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

(တောင်ပေါ်စခန်းတစ်ခုအား ဆက်လက်ဝိုင်းထားပြီး စစ်ကောင်စီ ပင်လယ်ပြင်ရှိ နေဗီမှ လက်နက်ကြီး ပစ်ကူပေးနေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၃ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောတောင်ပိုင် ကျောက်ပန္ဒူကျေးရွာအနီးရှိ စစ်ကောင်စီစခန်း ၃ ခုအနက် ၂ ခု အား ဇွန်လ ၂ ရက်နေ့ မနက်မှစပြီး အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်သိမ်းခိုက်သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ထပ် တောင်ပေါ်စခန်းတစ်ခုအား ဝိုင်းရံပိတ်ဆို့ထားသလို ပင်လယ်ပြင်ရှိ စစ်ကောင်စီ နေဗီမှ လည်း လက်နက်ကြီး ပစ်ကူပေး‌နေကြောင်း ကျောက်ပန္ဒူကျေးရွာဒေသခံများထံမှသိရသည်။

"ကျောက်ပန္ဒူကျေးရွာအနီးမှာ နယ်ခြားစောင့်စခန်း ၃ ခုရှိတယ်။ အေအေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီနေ့ မှာ မြေပြင်က စခန်း ၂ ခုကို သိမ်းလိုက်ပြီ။ ကျန်တစ်ခုကို တိုက်နေတဲ့ အတွက် တိုက်ပွဲကပြင်းထန်‌ နေဆဲပါ။ ပင်လယ်ပြင်မှာ ရပ်ထားတဲ့ နေဗီကလက်နက်ကြီး‌ တွေပစ်ကူပေးနေရတယ်။ ရွာသား တွေကတော့ ဘေးလွတ်ရာကို ရှောင်နေကြရတယ်။ လက်ရှိမှာတောင်ပေါ်စခန်းကို ဝိုင်းပိတ် ထားကြတယ်။ တောင်ပေါ်စခန်းမှာ စစ်တပ်ကလည်း ရှိနေတယ်။ လက်နက်ချမယ့် အနေအထားလည်း ရှိနေတယ်လို့ သိရတယ်"ဟု ကျောက်ပန္ဒူဒေသခံတစ်ဦးက ပြောကြားသည်။

ကျောက်ပန္ဒူကျေးရွာအနီး နယ်ခြားစောင့်စခန်း ၃ ခုအထိရှိပြီး ကျေးရွာ ဘယ်ဖက်နှင့် ညာဖက်မှ စခန်း ၂ ခုအားသိမ်းပိုက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျောက်ပန္ဒူ‌ ကျေးရွာအလွန်တောင်ကုန်းပေါ်ရှိ စခန်းအားလက်ရှိ၌ ဝိုင်းထားဆဲဖြစ်သည်။

ကျောက်ပန္ဒူ ကျေးရွာနယ်ခြားစောင့် စခန်း ၃ ခု၌ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ရှိပြီး စစ်တပ်မှ တောင်ပေါ် စခန်းတွင် အင်အားဖြည့်ထားတာလည်းဖြစ်သည်။

"ဒီစခန်း ၃ ခုကို အေအေ က ၂၀၂၁ မှာ တစ်ကြိမ်တိုက်ခဲ့တယ်။ တောင်ပေါ်စခန်းကို မတိုက်နိုင်ခဲ့ကြဘူး။ အခုလည်း တောင်ပေါ်စခန်းတစ်ခုဘဲ ကျန်တောတယ်။ "ဟု စစ်ရေးလေ့လာနေသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောက်ပန္ဒူ ကျေးရွာအနီးရှိ နယ်ခြားစောင့်စခန်းမျာမှာ မောင်တော-အငူမော်ကားလမ်းနှင့် ကျောက်ပန္ဒူ-စေတီပြင် ကားလမ်းကို အဓိကထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်စခန်းများလည်း ဖြစ်သည်။

ထိုလမ်းများအား အာရက္ခတပ်တော်အေအေ ၏ ၂၀၂၃ ခုနှစ် တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီးစစ်ကောင် စီတပ်မှသွားလာခွင့်ပိတ်ဆို့ထားခဲ့သည်။

မောင်တောတောင်ပိုင်း၌ စစ်အင်အားအလုံးအရင်းဖြည့်တင်းထားသော စခန်းများမှာ နယ်မြေ(၇) အလယ်သံကျော်စခန်း၊ မောရတီနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၄)နှင့် မောရဝတီဗျုဟာ၊ မြင်းလွှတ် နခခ(၉) တို့ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ