ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်းကို MDY-PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၅၉ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

လူထက်နိုင်(ဒွာရာမြီ

နိရဉ္စရာ၊ ဧပြီ ၂၇ / ၂၀၂၄

စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာတွင် တည်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာ စစ်ကောင်စီ  စစ်စခန်းကို MDY-PDFက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ဧပြီ ၂၇ တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီလ (၁၉) ရက်နေ့မှ စ၍  ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လျှက်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့၊ င်္သကြန်အကျနေ့က ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ် ကျောင်းဝင်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး (၂၀) ဖြင့် ပတ်ခတ်တိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့၊ နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တနေကုန် နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧပြီလ (၁၅) ရက်နေ့ ညနေခင်းပိုင်းတွင် သရက်ကုန်းကျေးရွာ စစ်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာသည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာတွင် တည်ရှိကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရန်သူ့လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သား နေအိမ်များလည်း  ထိမှန်ပျက်စီးမှုများရှိခဲ့သည်။ ရန်သူဘက်မှ သေဆုံးမှုများပြီး ထိခိုက်မှုများစွာရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်း အမြောက်အများရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်မှ  သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီလ (၁၉) ရက်နေ့မှ စ၍  ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လျှက်ကြောင်းသိရသည်။

ဧပြီလ (၁၉) ရက်နေ့ တိုက်ပွဲတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၁၅) ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ကြောင်းသိရသည်။

ဧပြီလ (၂၀) ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၂) ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ဧပြီလ (၂၁) ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၃) ဦး သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိုနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော သာသနာ့အဆောက်အဦးများ ဖြစ်သည့်  ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။  

ဧပြီလ (၂၂) ရက်နေ့၊ ညပိုင်းတွင် ရန်သူ့တပ်၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၃) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဧပြီလ (၂၃) ရက်နေ့၊ မနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်သား (၁၅) ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

ဧပြီလ (၂၄) ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၂၅) ရက်နေ့၊ နေ့လည်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၁၃) ဦးခန့် သေဆုံးပြီး (၁၆) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆) ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - NUG

ဆက်စပ် သတင်းများ