သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျပန်တွင် အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်နှစ်ခုလှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထား၊ လေယာဥ်များဆင်းသက်ပျံသန်းမှုကိုယာယီပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 576

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၉/၂၀၂၄

ဂျပန်နိုင်ငံတွင် အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်နှစ်ခု လှုပ်ခတ်သွားမှုကြောင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားရပြီး၊လျင်ကြောင့် ကြီးကြီးမားမားပျက်ဆီးမှုမရှိကြောင်း၊ လေဆိပ်ကိုယာယီပိတ်ထားရေကြာင်းသိရသည်။

ပြင်းအား (၆.၉)အဆင့် နှင့် (၇.၁) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်နှစ်ခု သည် သြဂုတ်(၈)ရက်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျူးရှုးနှင့် ရှီကိုကု ကျွန်းများကို လှုပ်ခတ် သွားခဲ့ကြောင်း သိရသည်။

အင်အားအလွန်ပြင်းထန်သည့် မြေ ငလျင်ကြောင့် မီရာဇာကီ၊ ကိုချီ ၊ အိုအိတ ၊ ခကိုရှီးမား၊အီဟိမဲ ဒေသများတွင် အာဏာပိုင်များက ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ၊ကျူးရှူး ရှိ မီရာဇာကီစီရင်စုတွင် လှိုင်းလုံးကြီးများကို တွေ့ရှိထားပြီ ဖြစ်ကြောင်း ကျူးရှူး နှင့် ရှီကိုကု ကျွန်းများရှိ ကမ်းရိုးတန်းဒေသအချို့တွင် ဆူနာမီသည် တစ်မီတာ အမြင့် အထိ ရောက်ရှိလာလိမ့် မည်ဟု မျှော်လင့်မှန်းထားကြောင်း NHK က သတင်း ဖော်ပြချက်အရသိရသည်။

အဆိုပါငလျင်သည် မီရာဇာကီ ကမ်းရိုးတန်းမှ မိုင် ၂၀ အောက်အကွာတွင် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ အေဂျင်စီ အရ သိရသည်။ အဆိုပါ အေဂျင်စီ၏အဆိုအရ ပြင်းအား (၆.၉)အဆင့် ငလျင်လှုပ်အပြီး၊ တစ်မိနစ်အကြာတွင် ပြင်းအား ရစ်ခ်ျတာစကေး( ၇.၁ )ရှိသော အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ကျူရှူးရှိ နိချိနန်း ရဲချုပ်က အဆိုပါဒေသတွင် မည်သည့် အဆောက်အအုံမျှ ပြိုကျပျက်ဆီးမှု မရှိကြောင်း ရုပ်သံထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။ ၎င်းအပြင် Kyushu Electric Power Company မှ ၎င်း၏နျူကလီးယားဓာတ်အားပေးစက်ရုံများလည်း ပုံမှန်အတိုင်းလည်ပတ်လျက်ရှိနေကြောင်း အတည်ပြုခဲ့သည်။

Shikoku Electric Power ကုမ္ပဏီက အီမဲအိ စီရင်စုရှိ အိကတ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် တစုံတရာပြဿနာဖြစ်ပွားခြင်း မရှိကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိ ဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာသည့် စောင့်ကြည့်ရေး စက် များတွင် လည်းကိန်းဂဏန်းများ ပြောင်းလဲမှုမရှိဘဲတည်ငြိမ်နေ ကြောင်း NHK က ဖော်ပြသည်။

ဒေသတွင်း အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မီယာဇာကီ လေဆိပ်တွင် လေယာဥ်များ ဆိုက်ရောက်/ထွက်ခွာ မှုများကိုလည်း လက်ရှိအချိန်တွင် ဆိုင်းငံ့ထားကြောင်း ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို ကိုးကား၍ NHK က ဖော်ပြခဲ့သည်။ Source/NHK and Photo/ Spectrum News

ဆက်စပ် သတင်းများ