အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး သက်ကြီးတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်၊ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင်ယမန်နေ့ ညအချိန်က စစ်ကောင်စီက ပစ်ခတ်လိုက်သည့် က်နက်ကြီးကျည်ထိမှန်ပြီး သက်ကြီး အမျိုးသား တစ်ဦးသေဆုံးသွားပြီး ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟုသတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၇၀ ကျော်အရွယ် ဦးသိုင်းထွန်းစိန်ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ အသက် ၅၀ ခန့်အရွယ် ဒေါ်မကြည်အေး၊ ဦးငါးနီတူ အသက် ၅၀ ကျော် နှင့် ဦးကျော်သန်းချေ ၅၆ တို့ဖြစ်ကြသည်။ နေအိမ်လည်း  ၁၀ ဆောင်ထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီကျော်မှစ၍ နေဗီမှပစ်ခတ်လိုက်ပြီး၊ ထိုလက်နက်ကြီး ကျည်များသည် ရွာထဲသို့အတွဲလိုက်  ကျရောက်လာခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ခတ်မှုကို ြောက်ဦးမြို့နယ် စက်သားရွာအနီးရှိ နေဗီမှ စ်ခတ်ခဲ့့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက " လက်နက်ကြီးရွာထဲကို ပစ်ချတာ ရွာမှာ ၂ နေရာကျတယ်။ တစ်ခါပစ်ရင် အတွဲလိုက် ၅ လုံး၊ ၆လုံး လောက်ကျတယ်။ ဒီလိုမျိုးတစ်ခုမှ မကြားဖူဘူး ဒီလက်နက်ကြီးတွေက အရမ်းကြောက်ဖို့ ကောင်းတယ်။ အဖိုးတစ်ယောက် သေသွားပြီးတော့ ၃ ယောက် ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက် ဒဏ်ရာပြင်းလို့ သတိလစ်သွားခဲ့တယ် " ဟုပြောသည်။

၎င်းပြင် မြောက်ဦးမြို့ ခမရ ၃၇၇၊ ၃၇၈ တို့မှလည်း ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ၁၀ နာရီ ၄၀ ကျော် ဝန်းကျင်အထိ လက်နက်ကြီးများ ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

ထို့သို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင် အဆိုပါရပ်ကွက်တွင် နေအိမ် ၁၀ ဆောင်ခန့် ပျက်စီးသွားကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

" စစ်ကောင်စီတွေပစ်လိုက်တာလေ။ အိမ်တွေလည်း ပျက်စီးသွားတာ မကြည့်ရဲဘူး။ အိမ် ၁၀ ဆောင်ထက် မနည်းဘူး။ အိမ်နံရံတွေတွေ၊ ထရံတွေ ပျက်စီးသွားတယ်။ ပြီးရင် ပြတင်းပေါက်မှန်တွေကွဲသွားတယ်။ လက်နက်ကြီးချောင်းနားတွေမှာလည်း ကျတယ်။ ကမ်းပါးတစ်ခြမ်းပြိုသွားတာ မလွယ်ဘူး။ ရေကြောင်းလိုင်းတွေပဲ ပစ်တော့ရေပိုက်တွေ အကုန်ပျက်သွားတယ်။ အပင်တွေတောင် မဲတူးသွားတယ် " ဟုပြောသည်။

အဆိုပါရပ်ကွက်မှ ဒေသခံများသည် ယခင်ကဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြပြီး၊ လက်ရှိတွင် အားလုံးနီးပါးရွေ့ပြောင်းနေကြပြီဟုလည်း သိရသည်။ (NN-13)

ဆက်စပ် သတင်းများ