တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့ပြင်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ပြင်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခု  မိုင်းဆွဲခံရပြီး အကျအဆုံးရှိပြီး အထိနာသွားသည်ဟု သတင်းရရှိသည်။

ယနေ့ဒီဇင်ဘာ ၁၇ နေ့လယ် ၁နာရီခွဲခန့်က  အမှတ်(၃၁)လုံခြုံရေးရဲတပ်ရင်းသို့ ပူးပေါင်းရန်လာသည့် စစ်ကောင်စီတပ်သား ၆၀ခန့် ကို မြောက်ဦးမြို့ပြင် သကျမာရ်အောင် တောင်ကြားလမ်းတွင် အရောက်တွင်  ရက္ခိုင့်တပ်တော်(AA)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြောက်ဦးဒေသခံ တစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

"  သူတို့ကတောင်ကြားကနေ ရဲတပ်ရင်းကိုပူးပေါင်းဖို့လာကြတာ။ အယောက်ခြောက်ဆယ် လောက်ပါတယ်။ တပ်တော်က မိုင်းခွဲလိုက်တာ။ အထိအခိုက်အကျအဆုံးရှိပါတယ် " ဟုပြောသည်။

၎င်း စစ်သားများသည် အလယ်ဈေးရပ်ကွက် ချင်းပျံတောရွာမှ လာခြင်းဖြစ်ပြီး မိုင်းဆွဲခံရပြီး နောက် သေနတ်ပစ်ခတ်သံများကို မိနစ်အနည်းငယ်ကြာ ကြားခဲ့ရသည်ဟု  ဒေသသတင်းအရင်းမြစ် တစ်ဦးကနိရဉ္စရာကိုပြောသည်။

"  သူတို့ကဘယ်တပ်ကလည်းမသိရသေးဘူး။ချင်းပျံတောရွာဘက်ကလာတာ " ဟုပြောသည်။

ယင်းအပြင်မိုင်းဆွဲခံရပြီးနောက်  စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  အလယ်‌ဈေးရပ်ကွက်မှ ဒေသခံနှစ်ဦးအား ဓားစာခံအဖြစ်  ခေါ်ဆောင်သွားသည်ဟု မျက်မြင်‌သက်သေ တစ်ဦးကနိရဉ္စရာကိုပြောသည်။

" သက်ကြီးပိုင်းတစ်ယောက်နဲ့သက်လတ်ပိုင်းတစ်ယောက်ကိုခေါ်သွားတယ်။ အဲ့ဒီအကောင်တွေ။ ၅၄၀တပ်ရင်းထဲကို ခေါ်သွားပုံရတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်း အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်မှ ဆုတ်ခွာလာသည့် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်ကို မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားနှင့် အမှတ် (၃၁) ရဲတပ်ရင်းကြားတွင် ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင်ယင်းနေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ်၊ ပုရိန်ရွာဘက်မှထွက်ပြေးလာသည့် စစ်အင်အား ၁၀၀ ကျော်ခန့်သည် မြောက်ဦးရှိ ကိုးသောင်းဘုရားအနီး ရဲတပ်ရင်းသို့ ညနေပိုင်းတွင် ပူးပေါင်းသွားသည်ဟု သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ