- Web Master
- ၀၄ သြဂုတ် ၂၀၂၄
သဥ္ဇာနွယ်၊
နိရဥ္စရာ၊ သြဂုတ်၂၅ /၂၀၂၄
ရခိုင်ပြည်၊
မောင်တောမြို့နယ်တွင် တိုက်ပွဲ
မောင်တောမြို့နယ်တွင်
ပြီးခဲ့သည့်
ဇွန်လနှင့်ဇူလိုင်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ချိန်က
မောင်တောမြို့တွင်း အပါအဝင်
အောင်ဗလကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် ပိတ်မိ
နေသူများ ထဲမှ
ဆယ်ကျော်သက်နှင့် သက်လတ် ပိုင်းအရွယ် အမျိုးသမီးများအား
စစ်ကောင်စီနှင့် ပူးပေါင်းသည့်
ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များက
အုပ်စုလိုက် အဓမ္မကျူးလွန်ခဲ့သည်ဟု မောင်တောမြို့နယ်မှ
ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီး တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
“မြို့အနီးအနားမှာ တိုက်ပွဲဖြစ်တုန်းကဆိုရင်
မြို့တွင်းမှာကျန်ခဲ့ရတဲ့ နေအိမ်တွေက အမျိုးသမီးတွေ
အထူးသဖြင့် ဆယ်ကျော်သက် ၂၀ ကျော် အပျိုလေးတွေကို စစ်သားတွေနဲ့
မွတ်ဆလင်စစ်သားတွေက အိမ်ကနေလာခေါ်တယ်။ အိမ်မှာပြုကျင့်တာမဟုတ်ဘူး။
တခြားနေရာကို ခေါ်သွားတယ်။ အဓမ္မပြုကျင့်တယ်။ ပြီးရင်
အိမ်ကိုပြန်လာပို့တာရှိသလို တချို့ကတော့ အိမ်ပြန်မရောက်ကြဘူး။ ကျမတို့ရှိခဲ့တုန်းက
ရခိုင်အမျိုးသမီးတွေပဲ ကြားခဲ့
ယင်းအပြင်
စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့
“အောင်ဗလရွာကိုလည်း
မီးရှို့လို့ပြာကျသွားပြီ။ ရွာထဲမှာကျန်ခဲ့တဲ့အပျိုအရွယ် မိန်းကလေးတွေနဲ့
အိမ်ထောင်သည်အမျိုးသမီးတွေပါမကျ
ယခုကဲ့သို့
စစ်ပွဲနောက်ကွယ်မှ အဓမ္မမှုကျူးလွန်ခံရမှုကို
အာရက္ခတပ်တော်(AA)က
စုံစမ်းဖော်ထုတ် ဖြေရှင်းဆောင်ရွက်ပေးသင့်ပြီး
မီဒီယာများအနေဖြင့်လည်း ထိထိရောက်ရောက်
ဖော်ထုတ်ပေးသင့်
“အခုက
မောင်တောက စစ်ပွဲတွေရဲ့နောက်ကွယ်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ
ကျူးလွန်ခံနေ
ယခုဖြစ်ရပ်များနှင့်ပတ်သက်ပြီး
ကိုယ်တိုင်သွားရောက်မေးမြန်းနိုင်ခြင်းမရှိ၍
နိရဥ္စရာက သီးခြားအတည်ပြုပေးနိုင်ခြင်း
မရှိသေးပါ။
လက်ရှိတွင်
မောင်တောမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အပေါင်းအပါ အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သဖြင့် စစ်ဆေးဖော်ထုတ်ရန် အမျိုးသမီများက
တောင်းဆိုလာခြင်းဖြစ်သည်။
လက်ရှိတွက် တစ်ခုတည်းသောလက်ကျန်စခန်း အမှတ်(၅) နယ်ခြားစောင့် တပ်ဖွဲ့ခွဲ (နခခ(၅) တပ်ရင်းအား AA က ပိတ်ဆို့ ထားနိုင်ပြီး အလံဖြူထောင် လက်နက်ချရန်လည်း AA က တောင်းဆိုထားသည်ဟု သိရသည်။