- Web Master
- ၂၅ သြဂုတ် ၂၀၂၃
ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအောက်တွင်အဓမ္မပြုကျင့်ခံရပြီးနောက် ရိုက်နှက်ခံခဲ့ရ၍ သေဆုံးသွားသည့် အသက် ၁၁နှစ်ရွယ် မသန္တာဝင်းအသတ်ခံရမှုတွင် ကျူးလွန်သူ ၂ ဦးအနက် ၁ ဦးကိုရုံးထုတ်ကာကြားနာစစ်ဆေးခဲ့သည်ဟု သိရသည်။
ရုံးထုတ်စစ်ဆေးခံခဲ့ရသူမှာ
အသက် ၂၅ နှစ်အရွယ်
ကိုခိုင်ကျော်လင်းဖြစ်ပြီး ယနေ့သြဂုတ်လ ၃၀ ရက်၊ နေ့လယ် ၁ နာရီက စစ်တွေမြို့နယ်တရားရုံးတွင်
ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ရုံးထုတ်စစ်ဆေးရာတွင် စစ်တွေမြို့၊
မင်းဂံရဲစခန်းမှူးနှင့် မှုခင်းဆရာဝန်တို့က စစ်ဆေးခြင်းဖြစ်ပြီး
ကျူးလွန်သူက အမှန်အတိုင်းထွက်ဆိုခဲ့သည်ဟု မသန္တာဝင်းမိသားစုနှင့်
နီးစပ်သူတစ်ဦးက ပြောသည်။
"ကျူးလွန်သူတွေကတော့
သူတို့ကိုယ်တိုင်ဝန်ခံထားတာရှိ
ပြစ်မှုကျူးလွန်သူ
ကိုခိုင်ကျော်လင်းကို လာမည့်စက်တင်ဘာလ ၆ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးမည်ဟုလည်း သိရသည်။
သူနှင့်အတူ နောက်ထပ်
ကျူးလွန်သူတစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ကိုအောင်ခန့်ဇော်ကိုလည်း လာမည့်
စက်တင်ဘာလ ၇ ရက်တွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု မသန္တာဝင်းမိသားစုနှင့်
နီးစပ်သူတစ်ဦးက ပြောသည်။
"သူတို့ကိုစစ်ဆေးမေးမြန်းတော့ သူတို့
၂ ယောက်က ကျူးလွန်ခဲ့တယ်လို့ဝန်ခံတယ်။ ပြီးရင် ဆေးစစ်ချက်တွေကလည်း တူနေတယ်။
ကျူးလွန်သူတရားခံဖြစ်တဲ့ ကိုခိုင်ကျော်လင်းမှာတော့ ရှေ့နေငှားထားတာရှိပါတယ်"
ဟု ပြောသည်။
အဆိုပါပြစ်မှုကျူးလွန်သူနှစ်ဦး
သေဆုံးသွားသည့် အသက်(၁၁)နှစ်အရွယ်
မသန္တာဝင်းကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ ညနေ ၇ နာရီခန့်တွင်
အိမ်နီးချင်းဖြစ်သူ ကိုခိုင်ကျော်လင်းနှင့် ကိုအောင်ခန့်ဇော်တို့က
ရေခဲမုန့် ဝယ်ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက်
ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက်
မသန္တာဝင်းကို မတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ
ရထားသံလမ်းအောက်၌ အဓမ္မပြုကျင့်ခံထားရသည့်လက္ခဏာ
မသန္တာဝင်း
ဆေးကုသမှုခံယူနေစဉ် မတ်လ ၁၇ ရက်၊ နေ့လယ် ၂ နာရီကျော်တွင် စစ်တွေဆေးရုံ၌
သေဆုံးသွားခြင်း ဖြစ်သည်။
စစ်တွေတွင်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီ
ပြီးခဲ့သည့် ၂၀၂၀
ပြည့်နှစ်ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်း၏ အဆောင်တစ်ခုတွင် မုန့်လက်ကောက်ရောင်းနေသည့်
ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်တစ်ဦးမှာ ရက်စက်စွာ
အသတ်ခံခဲ့ရသည်။ (NN-12)