ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

AA စစ်ဦးချုပ်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ဦးလွတ်မြောက်လာခြင်းမရှိသေး၊ နောက်လ ၂ ရက်နေ့ကို ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၂၆/ ၂ဝ၂၁

 

ယနေ့ ရုံးချိန်းတွင် လွတ်မြောက်လာမည်ဟု သတင်းများပျံ့နှံ့နေသာ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးဘဲ နောက်လ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးကျော်မျိုးထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

 

တရားလိုပြသက်သေလည်း မရောက်ဘူး။ နောက်အမှုစစ်ဥပဒေအရာရှိကလည်း တရားဝင် စာမေးပွဲ ဖြေဖို့အတွက် နေပြည်တော်ကို ရောက်နေတာကြောင့် အမှုကို မစစ်ဖြစ်ဘူး။ နောက်လ ဇွန် ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်ဟု ပြောဆိုသည်။

 

ယနေ့တွင် ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ ရှစ်ဦးစလုံးကို ရန်ကုန် အနောက်ပိုင်းတိုင်းခရိုင် တရားရုံးကို ရုံးထုတ်လာပြီး အားလုံး ကျန်းကျန်းမာမာရှိသည်ဟု ၎င်းက ပြောသည်။

 

ဒီနေ့ တရားရုံးမှာ တွေ့ခွင့်ရပါတယ်။ အားလုံးကျန်းကျန်းမာမာပါဘဲ။ အားလုံးကို နုတ်ဆက်တဲ့ အကြောင်း၊ ကျန်းမာရေးစိုးရိမ်စရာ မရှိတဲ့အကြောင်း ပြောပြကြပါတယ်။ အားလုံးကျန်းကျန်းမာမာနဲ့ နောက်ရုံးချိန်းကို စောင့်နေကြပါတယ်ဟု ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောဆိုသည်။

 

AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ဦးစလုံး လွတ်မြောက် လာမည်ဆို၍ အနောက်ပိုင်းခရိုင်တရားရုံးသို့  သွားရောက်စောင့်ဆိုင်းနေခဲ့သူများအထဲက လူမှုရေး လူပ်ရှားနေသူ ကိုမင်းစောမင်းက  သူတို့ မလွတ်လာသဖြင့် စိတ်ပျက်မိကြောင်း ပြောကြားသည်။

 

သူတို့ လွတ်လာမယ်ဆိုလို့ ကျွန်တော်နဲ့ ကိုမောင်ကြီးတို့နှစ်ဦး ကားနဲ့ တရားရုံးကို သွားစောင့်ပါတယ်။ လွတ်မယ်ကြားလို့ သွားကြတာပါ။ မလွတ်လာတော့ စိတ်ပျက်မိပါတယ်။ နောက် ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ သိရပါတယ်ဟု ပြောကြားသည်။

ကိုဟိန်းဇော်မိခင်ဖြစ်သူကလည်း လွတ်မည်ဟု သတင်းကြား၍ ဝမ်းသာကြောင်း၊ အပြစ်မရှိသဖြင့် အမြန်ပြန် လွတ်ပေးစေချင်ကြောင်း ပြောကြားသည်။

 

၄င်းတို့ ၈ ဦးမှာ စင်္ကာပူရခိုင်အသင်းခေါင်းဆောင်များဖြစ်ကြပြီး လွန်ခဲ့သည့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့က  စင်္ကာပူပြည်ထဲရေးဌာနမှဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည်။ ပြန်ရောက်ပြီး များမကြာမီ

ဇူလိုင်လ ၁ဝ ရက်၊ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်  ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

 

၎င်းတို့ ရှစ်ဦးစလုံးကို အကြမ်ဖက်မှုတိုက်ဖျက်ရေး ၅ဝ(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှ နေ၍ အမှုကို ရင်ဆိုင်နေကြရသည်။

ဆက်စပ် သတင်းများ