အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

တရုတ်နိုင်ငံက နှာခေါင်းစည်းMaskနှင့် တိုင်းရင်းဆေးဝါးများကို ရခိုင်လူထုအတွက် ANPမှ တဆင့်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

ထက်အောင်
နိရဉ္စရာ၊နိုဝင်ဘာ ၁၇/ ၂၀၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် တရုတ်တိုင်းရင်းဆေးများကို ရခိုင်ပြည်သူများအတွက် ရခိုင်အမျိုးသား ပါတီ (ANP) က တဆင့် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
၎င်း ပစ္စည်းများကို တရုတ်သံရုံး ကောင်စစ်ဝန် Mr. Lin Tao မှ ANP ခေါင်းဆောင်များကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတွင် ယနေ့ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ANP ပါတီ သတင်းအရ သိရသည်။
တရုတ်နိုင်ငံက လှူဒါန်းခဲ့သော ပစ္စည်းများမှာ mask ၂၀ ဝ,ဝဝ နှင့် တရုတ်တိုင်းရင်း အပူကျဆေး ( Lianhua Qingwen Jiaonang) ကြာပန်း အပူကျဆေးဗူး (၁၆၀၀)၊ ဆေးလုံးရေ (၃၈ ၄,၀၀) တို့ပါဝင်ကြောင်းသိရသည်။
တရုတ်မှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို ANP ပါတီ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် ၊ ပါတီ ဒု ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ရန်ကုန်တိုင်း ANP ဒု ဥက္ကဋ္ဌ (၁) ဦးဗဆွေ နှင့် ရန်ကုန်တိုင်း ANP ဒုဥက္ကဋ္ဌ (၂ ) ဦးစံညွန့် တို့မှတက်ရောက် လက်ခံရယူခဲ့ကြောင်း ANP ပါတီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရခိုင်အမျိုးသားပါတီ (ANP)

ဆက်စပ် သတင်းများ