သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မခိုင်မာသေးတဲ့ ရခိုင်အပစ်အခတ်ရပ်စဲရေးနဲ့ ဂျပန် ငြိမ်းချမ်းရေးအကျိုးဆောင် ဆာဆာကာဝါ ..


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂၀၂၃ ( ဘာသာပြန်ဆောင်းပါး)

 

ဒီတစ်ခေါက် ဆာဆာကာဝါ ရခိုင်ပြည်နယ်ကို ရောက်တော့ ခါတိုင်း တထိတ်ထိတ်တလန့်လန့်နဲ့ှိနေတဲ့ ရခိုင်ပြည်နယ်က ငြိမ်သက်နေသလို ရှိတယ်။ လွန်ခဲ့တဲ့ သုံးလ မတိုင်ခင်တုန်းကတော့ အစိုးရ စစ်တပ်တွေနဲ့ ရက္ခိုင်ပ်တော် (AA) ကြား နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေခဲ့တယ်။ ပစ်ခတ်သံတွေ နေ့တိုင်းကြားနေရသလို လူအသေအပျောက်တွေလည်း နေ့တိုင်း ရှိတယ်။ စစ်တပ်က ရွာတွေကို မီးရှို့လိုက်၊ရွာသားတွေက ထွက်ပြေးလိုက် AAက ပြန်တိုက်လိုက်နဲ့ တိုက်ပွဲ မပြတ်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ခုတော့ သေနတ်သံတိတ်နေသလို ပုံမှန်အတိုင်း လှုပ်ရှား သွားလာမှုတွေကို မြင်ရတယ်။ 

 

ဆာဆာကာဝါ နဲ့အတူ ဒီတစ်ခေါက်မှာ စစ်ဘေးသင့် ပြည်သူတွေအတွက် စောင် ၂၃၀၀၀ ပါလာတယ်။ဆာဆာကာဝါက လိုအပ်ရင် ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်ပေးဖို့လည်း အဆိုပြုထားတယ်။ အေအေ နဲ့စစ်တပ်ကသာ သဘောတူရင် နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထပ်ပေးဖို့ ရှိတယ် 

 

ရခိုင်မှာ ခုလို သေနတ်သံတိတ်သွားပြီး ငြိမ်သက်သွားတဲ့အတွက် ဆာဆာကာဝါ ကျေနပ်တယ်။ ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်က ရခိုင်တပ် အေအေဘက်က ကိုယ်စားလှယ်တွေနဲ့ အစိုးရစစ်တပ်ကကိုယ်စားလှယ်တွေကြား သူ့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပေါ်ပေါက်လာတဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရလဒ်တွေပဲ ဖြစ်တယ်။ 

 

ဂျပန် ငြိမ်းချမ်းရေးအကျိုးဆောင် ဆာဆာကာဝါဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အစိုးရ စစ်တပ်အကြား ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနေတာ ၂၀၁၃ ခုနှစ်ကတည်းကပါ။ အောင်မြင်မှုတွေရှိခဲ့သလို မအောင်မြင်ဘဲ ပျက်စီးသွားတာတွေလည်း ရှိခဲ့တယ်။ 


သူက လူသားချင်းကူညီစောင့်ရှောက်မှုလူပ်ငန်းတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌလည်း ဖြစ်တယ်။ ဆာဆာကာဝါရဲ့ ထူးခြားချက်တစ်ခုက လက်ရှိ အစိုးရစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာပါ။ 

 

ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ရခိုင်တပ် AA နဲ့ အစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ တစ်ကျော့ ပြန်လည်ဖြစ်ပွားခဲ့တာ နိုဝင်ဘာလ နောက်ဆုံး ပတ်အထိပါပဲ။


ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ်က အထိနာသလို ရခိုင်ပြည်သူတွေလည်း စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ ရွာတွေကို မီးရှို့တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ အဆက်မပြတ် ပြန်လည်ဖြစ်ပွားခဲ့တယ်။ စစ်ဘေးသင့် ရခိုင်ပြည်သူတွေဟာ နေရပ်ကျေးရွာတွေကို စွန့်ခွါပြီး စစ်ရှောင်နေကြရတယ်။အထူးသဖြင့် ပဋိပက္ခနယ်မြေ အတွင်းမှာ နေထိုင်ကြတဲ့ ရခိုင်ပြည်သူတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ဆို့ထားလို့ ဘယ်ကိုမှ လွတ်လွတ်လပ်လပ် မသွားလာနိုင်ကြတော့သလို စစ်တပ်က ပစ်ခတ်လာမယ့် ကျည်ဆံတွေရဲ့ အန္တရာယ်ကြားမှာ နေထိုင်ကြရတယ်။ 

 

ရခိုင်ပြည်သူတွေခံစားနေရတဲ့ ကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေ့ရှုပြီး အေအေ အနေနဲ့ လူသားချင်းစာနာမှုကို အခြေခံပြီး မြန်မာစစ်တပ်နဲ့ ယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူဖို့ ဆုံးဖြတ်ခဲ့ရပါတယ်လို့ အေအေ ရဲ့ပြောရေးဆိုခွင့်ရ ခိုင်သုခက သူတို့ အပစ်အခတ်ရပ်စဲရတဲ့အကြောင်းကို ရှင်းပြခဲ့တယ်။တကယ်တော့ ဒီဇာတ်လမ်းရဲ့ နောက်ကွယ်မှာ အဓိက ပါဝင် ပတ်သက်ခဲ့သူ တစ်ဦးက ဆာဆာကာဝါ ပါ။ 

 

တကယ်တော့ ဆာဆာကာဝါက အေအေ နဲ့ မြန်မာစစ်တပ်ကြား ၂၀၁၉ ခုနှစ်ကစပြီး(နှစ်ကြာ အပစ်အခတ် ရပ်စဲဖို့ စတင်ကြားဝင် စေ့စပ်ခဲ့သူပါ။ ဒါကြောင့်လည်း၂၀၁၉ ခုနှစ်ကနေ အာဏာသိမ်းပြီး ၂၀၂၂ခုနှစ်ဇူလိုင်လအထိ ရခိုင်ပြည်နယ်မှာ သေနတ်သံတိတ်ခဲ့တယ်။ 

 

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတစ်ခုက အေအေဟာ ပြည်သူ့ကာကွယ်ရေးတပ် (ပီဒီအက်ဖ်)တွေကို လက်နက်ခဲယမ်းနဲ့ စစ်ရေးအကူအညီတွေ ပေးနေတဲ့ အတွက်လို့ စစ်တပ်ဘက်က ဆိုတယ်။ 

 

အခု နှစ်ဖက်ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတာဟာ ဘယ်လောက်ထိ ကြာရှည်ခံမယ် မမှန်းဆနိုင်သေးပါဘူး။ စစ်တပ်ဘက်က သူတို့သဘောမကျတဲ့အချိန် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေတယ်။ 

 

ဘာပဲဖြစ်ဖြစ် အခု ဖေဖော်ဝါရီလ ထမပတ်အတွင်း ဆာဆာကာဝါ တစ်ယောက် ခိုင်ပြည်နယ်ကို ရောက်လာတော့ ရခိုင်ပြည်နယ်က ခါတိုင်းနဲ့မတူဘဲ ငြိမ်ငြိမ်သက်သက်ဖြစ်နေတယ်။ 

 

ရခိုင်တပ်တော် အေအေ နဲ့ မြန်မာစစ်တပ်ကြား သေးငယ်တဲ့ မတော်တဆမှုတောင် ထပ်မဖြစ်ရအောင် သဘောတူ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်။ ဒါဟာ ပဋိပက္ခတွေ ထပ်မဖြစ်ဖို့ ရလဒ်ကောင်းတစ်ခုပါပဲ" လို့ ဆာဆာကာဝါက စီအန်အေသတင်းဌာနကို ပြောပြတယ်။ 

 

တကယ်တော့ ဆာဆာကာဝါဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာ မသိမ်းမီကရော အာဏာ သိမ်းပြီးနောက်ပါ မြန်မာပြည်ကို အခေါက်ခေါက်အခါခါ လာခဲ့ဖူးသူပါ။ လာတဲ့အခါတိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမှု ရှိခဲ့တယ်။ 

 

ဆာဆာကာဝါ နဲ့ ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံတာဟာ မြန်မာ စစ်ကောင်စီကို အသိအမှတ်ပြုတာပဲလို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆာဆာကာဝါက ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ခက်ခဲတဲ့ ခရီးလမ်းကို ကျွန်တော် လျှောက်နေပါတယ်လို့ပဲ ဖြေသွားခဲ့တယ်။ တစ်ဆက်တည်းမှာ ဘယ်တော့မှ အရှုံးမပေးဘူး"ဆိုတဲ့ သူ့ရဲ့ ဒဿနကို ဆုပ်ကိုင်ထားကြောင်းလည်း ပြောခဲ့တယ်။ 

 

ကျွန်တော့်ဘဝကို ကျွန်တော့် ယုံကြည်ချက်နဲ့ပဲ တည်ဆောက်ချင်တယ်။ ပြီးတော့ ဖြစ်နိုင်သမျှ လူတွေအများကြီးကို ကျွန်တော်အကူအညီပေးချင်တယ်

 

NN-27

CAN ရဲ့ Japanese peacemaker brokers rare but shaky between Myanmar's military and Rakhine ethnic groupကို ဆီလျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

နိုင်ဂျာက အာဏာသိမ်းပွဲ..။
  • Web Master
  • ၃၀ ဇူလိုင် ၂၀၂၃
နိုင်ဂျာက အာဏာသိမ်းပွဲ..။
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
  • Web Master
  • ၂၃ ဇူလိုင် ၂၀၂၃
ရန်သူကို မိတ်ဆွေလုပ်ခြင်း….
ဆူဒန်က အာဏာလုပွဲ...။
  • Web Master
  • ၂၀ ဧပြီ ၂၀၂၃
ဆူဒန်က အာဏာလုပွဲ...။