သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရန်သူကို မိတ်ဆွေလုပ်ခြင်း….


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 639

နိရဉ္စရာ (ဘာသာပြန်ဆောင်းပါး) ဇူလိုင် ၂၃/၂၀၂၃

 တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး ရှီကျင့်ဖျင်ဟာ တုန်တုန်ချိချိ ခါးကိုင်းစပြုပြီဖြစ်တဲ့ အဖိုးအို တစ်ဦးကို နိုင်ငံတော်ဧည့်ဂေဟာ အမှတ်-  “ ဒိုင်ယုထိုင်မှာ ဇူလိုင် ၂၀ရက်နေ့ က လက်ခံ တွေ့ဆုံ ခဲ့တယ်။


အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဖိုးအိုဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ ဝါရင့် ထိပ်တန်းသံတမန် ဟင်နရီကစ်ဆင်းဂျားဖြစ်ပြီး စစ်အေးခေတ်မှာ သံတမန်ရေး အထီးကျန် ဖြစ်နေတဲ့ တရုတ်နိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်  ဆွဲတင်ခဲ့သူဖြစ်သလို တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က စတင် လမ်းဖောက်ပေးခဲ့သူလည်းဖြစ်တယ်။

 

သူဟာ တရုတ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တစ်ဦးဆိုလည်း မမှားပါဘူး။ သူ အခု တရုတ်ကို လာရောက်ခြင်းဟာ အမေရိကန်နိုင်ငံ ကိုယ်စားပြုခေါင်းဆောင်တစ်ဦးအနေနဲ့ ဟုတ်ဘဲ တစသီး ပုဂ္ဂလ Private citizen တစ်ယောက်အနေနဲ့ လာခဲ့တာဖြစ်တယ်။

 

ပြောရရင် ဒီရက်ထဲ အမေရိကန်လုပ်ငန်းရှင်တွေနဲ့ ခေါင်းဆောင်ပိုင်းတွေဟာ တရုတ်ကို အလာစိပ်နေကြတယ်။ တစ်ယောက်ပြီး တစ်ယောက်လို့ ဆိုရမယ်။  ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဒီနေ့ - မနက်ဖြန်ပဲ ထချကြတော့မလို ရန်စောင်နေကြပေမယ့် ဒီနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးက မပြတ်လှဘူး။

 

 ပြီးခဲ့တဲ့ ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် လာသွားခဲ့တယ်။ ဘလင်ကင်လာပြီး သိပ်မကြာခင်မှာပဲ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင် လာသွားတယ်။ ဒီရက်ထဲမှာ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီ လာတယ်။ 

 

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစောကြီးကတည်း လာဖို့ဖြစ်ပေမယ့် အမေရိကန် ကောင်းကင်မှာ တရုတ်မိုးပျံပူဖောင်း တွေ့ရှိ ပစ်ချရာက နှစ်နိုင်ငံတင်းမာသွားပြီး မလာဖြစ်ဘဲ နောက်ဆုတ် သွားတာဖြစ်တယ်။


ဒီကြားထဲမှာ အမေရိကန် နည်းပညာစီးပွါးရေးလုပ်ငန်းရှင် ဘီလ်ဂိတ် လာသွားသလို ပြီးခဲ့တဲ့တစ်လက အီလွန်မတ်စ် လာသွားသေးတယ်။

 

ဒီလို ထိပ်တန်းပုဂ္ဂိုလ်တွေ တစ်ယောက်ပြီးတစ်ယောက်လာကြပေမယ့် ဘီလ်ဂိတ်ကလွဲပြီး တရုတ်ရဲ့ မဟာခေါင်းဆောင်ကြီး ရှီကျင့်ဖျင်က ဘယ်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်း မရှိခဲ့ဘဲ အခု ဝါရင့်သံတမန်အိုကြီး ကစ်ဆင်ဂျားကျမှပဲ ဂရုတစိုက်နဲ့ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်။ 

 

ကစ်ဆင်းဂျားဟာ တစ်သီးပုဂ္ဂလအနေနဲ့ တရုတ်ကို လာခဲ့တာဖြစ်တယ်။ မေရိကန်အစိုးရ ကိုယ်းစားပြု မဟုတ်ဘူး။ အလွတ်သဘောလာရောက်တဲ့ ဧည့်သည်ဖြစ်ပေမယ့် တရုတ် ခေါင်းဆောင်တွေက ကစ်ဆင်းဂျားကို လေးလေးစားစား ကောင်းကောင်းမွန်မွန် ဧည့်ခံခဲ့တယ်။ 

 

တကယ်တော့ ၁၉၂၃မှာ မွေးဖွားတဲ့ ကစ်ဆင်ဂျာ နဲ့ ၁၉၅၃ မှာ မွေးဖွားတဲ့ ရှီကျင့်ဖျင်က သားအဖ အရွယ်လောက် ကွာပါတယ်။ အသက်အရွယ်အားဖြင့် ကွာခြားတာကတစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး သမိုင်းကြောင်းရဲ့ ကနဦးလမ်းဖောက်ခဲ့သူ တစ်ဦးဖြစ်တာက တစ်ကြောင်း၊ တရုတ်နိုင်ငံကို ထူထောင်ခဲ့ကြတဲ့ခေါင်းဆောင်ကြီး မော်စီတုန်း၊ ချူအင်လိုင်းတို့ ခေတ်ကတည်းက တရုတ်ခေါင်းဆောင်ကြီးများနဲ့ ထိတွေ့ဆက်ဆံဖူးသူ ဝါရင့် သံတမန်ဟောင် တစ်ဦး အနေနဲ့ပါ ကစ်ဆင်ဂျာ အပေါ်  စိတ်ချယုံကြည်မှု နဲ့ လေးစားမှု ရှိခဲ့ကြတယ်။ 



 

အခု အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဝါရင့်အမေရိကန် သံတမန်အဖိုးအိုဟာ ခုချိန်ထိ တရုတ်နိုင်ငံကို အကြိမ် ၁၀၀ ကျော် ရောက်ရှိခဲ့ပြီးပါပြီ။ သူနောက်ဆုံး ရောက်ခဲ့တာ ၂၀၁၉ပါ။ 

 

“ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းကို ဘယ်တော့မှ မေ့မှာမဟုတ်သလို နှစ်နိုင်ငံ ပြည်သူတွေရဲ့  ချစ်ကြည ရင်းနှီးမှုနဲ့ အမေရိကန်-ရုတ်ဆက်ဆံရေး အတွက် သမိုင်းဝင် ကြိုပမ်းအားထုတ်ခဲ့မှု တွေကိုလည်း မေ့မှာ မဟုတ်ပါဘူး” လို့ ဒိုင်ယုထိုင် နိုင်ငံတော်   ဧည့်ဂေဟာခန်းမဆောင်မှာ ရှီကျင့်ဖျင်က ပြောခဲ့တယ် 

ဒီဧည့်ခန်းဆောင်ဟာ ၁၉၇၁ခုနှစ်က ကစ်ဆင်းဂျားနဲ့ ချူအင်လိုင်းတို့ ပထမဦးဆုံး တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင်နေရာပါ။

 

သမ္မတနစ်ဆင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးဖြစ်ခဲ့တဲ့ ဟင်နရီကစ်ဆင်းဂျားဟာ သံတမန်ရေးအရ အထီးကျန်ဖြစ်နေတဲ့ တရုတ်နိုင်ငံကို ကမ္ဘာ့အလယ်မှာ လူရာဝင်လာအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်။ 

 

သမိုင်းကြောင်းအရ စစ်အေးကာလမှာ တရုတ်ဟာ အမေရိကန်ရဲ့ ရန်ဘက်ဖြစ်ခဲ့တယ်။ ၁၉၅၀ ကိုးရီးယား စစ်ပွဲမှာတရုတ်က ကိုးရီးယားဘက်က ပါဝင်ခဲ့ပြီးတဲ့နောက် ရန်သူတွေဖြစ်ခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်အဆက်အသွယ်လုံးဝ မရှိခဲ့သလို အမေရိကန်ဟာ ထိုင်ဝမ်ကိုသာ တရားဝင် တရုတ်အစိုးရ အဖြစ် ထောက်ခံအားပေးခဲ့ပါတယ်။ 

 

၁၉၇၀ နှစ်များဟာ ကမ္ဘာကြီးမှာ ရှေ့နဲ့အနောက်  ကွန်မြူနစ် နဲ့ အရင်းရှင် အုပ်စုကြီးနှစ်ခု ကွဲပြားနေချိန် ဖြစ်သလို တစ်အုပ်စု နဲ့ တစ်အုပ်စု ရန်စောင်ကောင်းနေကြချိန်ဖြစ်တယ်။ 

 

အမေရိကန်-ဆိုဗီယက် အုပ်စုနှစ်ခုကြားမှာ ကွန်မြူနစ်တရုတ်ဟာ နောက်ပိုင်းမှာ ဆိုဗီယက်နဲ့ နယ်ခြား ဒေသမှာ ပြဿနာတွေရှိခဲ့ပြီး ခွပြဲမှုတွေ ရှိလာတယ်။ 

 

၁၉၇၀ပြည့်လွန်ကာလမှာ တရုတ်ဟာ ကမ္ဘာ့အလယ်မှာ သံတမန်ရေးအရ အထီးကျန် ဖြစ်နေသလို ယဉ်ကျေးမှုတော်လှန်ရေးအပြီး တံခါးပိတ်ဝါဒနဲ့ နေထိုင်ချိန်ဖြစ်တယ်။ 

 

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ အရှေ့တောင်အာရှမှာ ကွန်မြူနစ်တွေ လွှမ်းမိုးလာမှာကို မလိုလားသလို ကွန်မြူနစ်တရုတ်ကလည်း ယ်ချဲ့အရင်းရှင် အမေရိကန်နဲ့ အင်္ဂလိပ်ဟာ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်သွေးစုပ်ဖို့ ကြိုးပမ်းနေတယ်လို့ မြင်တယ်။



 သံကန့်လန့်ကာခြားနေတဲ့ လူ့အဖွဲ့အစည်းနှစ်ခုဟာ ရန်သူတွေ ဖြစ်နေကြတယ်။ တရုတ်ဟာ အမေရိကန်-အင်္ဂလိပ် နယ်ချဲ့အရင်းရှင်ကို အသွေးအသားထဲက မုန်းတီးနေတယ်။  ဒီလို အခြေအနေမျိုးမှာ တရုတ် နဲ့ အမေရိကန်ဆက်ဆံရေး အစပြုခဲ့တာဖြစ်တယ်။ အံ့အားသင့်စရာ ကောင်းလှတယ်။ 

 

တရုတ်-အမေရိကန် ဆက်ဆံရေး အကြောင်းပြောရင် (Ping Pong Diplomacy ) “ားပွဲတင်တင်းနစ်သံခင်းတမန်ခင်း”  အကြောင်း ချန်လှပ်ထားလို့မရဘူး။

 

သမ္မတ နစ်ဆင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ကစ်ဆင်ဂျာနဲ့ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၊ ဝန်ကြီးချုပ် ချူအင်လိုင်းတို့ တွေ့ဆုံ စကားပြောဖို့ သံတမန်ရေး နိဒါန်းအစဟာ ပင်ပေါင်ဒီပလိုမေစီ ပါပဲ။ 

 

အမှန်တော့ ရန်သူတွေ ဖြစ်နေကြပေမယ့် နှစ်နိုင်ငံစလုံးက တစ်ဦးကို တစ်ဦး လိုအပ်နေချိန်ပါ။ ဒီအချိန်မှာ နှစ်နိုင်ငံချစ်ကြည်ရေး စားပွဲတင်တင်းနစ်ပြိုင်ပွဲတစ်ခုက အခေါ်အပြောစဖို့ ဖြစ်လာတာပါ။

 

၁၉၇၁ မှာ ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲကြီးတစ်ခု ဂျပန်နိုင်ငံ နာဂိုယာမှာ ကျင်းပတော့ တရုတ်အသင်းလည်း ပါဝင်တယ်။ ဒီပြိုင်ပွဲမှာ တရုတ်ကစားသမားချောင်စီတုန်းနဲ့ အမေရိကန် ကစားသမား ဂလင်းကိုဝမ်တို့ အကြား မမျှော်လင့်ဘဲ တွေ့ဆုံမှုက အမေရိကန်-တရုတ် ဆက်ဆံရေးရဲ့  နိဒါန်းဖြစ်လာခဲ့တယ်။ 

 

ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ အမေရိကန်တင်းနစ်သမား ဂလင်း ကိုဝမ်ဟာ တစ်ခုသောနေ့မှာ လေ့ကျင့်ရင်း အသင်းဘတ်စ်ကား နဲ့ လွဲချော်ခဲ့တယ်  သူဟာ တရုတ်စားပွဲတင်တင်းနစ်သမားတွေစီးတဲ့ ဘတ်စ်ကားနဲ့ လိုက်ပါပြီး ဟိုတယ်ပြန်ခဲ့ရတယ်။ အမေရိကန် နဲ့ တရုတ် ရန်သူတွေ ဖြစ်နေချိန်မှာ အမေရိကန်ကစားသမားတစ်ယောက် တရုတ်ကစားသမားတွေကြားရောက်သွားတယ်။ 

 

ဒီအချိန်မှာ တရုတ်တင်းနစ်သမား ချောင်စီတုန်းက ရုတ်တရက် ဂလင်းကိုဝမ်ကို လက်ဆွဲ နှုတ်ဆက်လိုက်တယ်။ ကိုဝမ်က ချောင်စီတုန်းကို လက်ဆောင်တစ်ခုခုပေးဖို့ အိတ်ထဲ စမ်းကြည့်တော့ ဘီးတစ်ချောင်းပဲတွေ့တယ် ဒါနဲ့မပေးဖြစ်လိုက်ဘူး။ ချောင်စီတုန်းက သူ့အိတ်ထဲက ပိုးပန်းချီကားတစ်ချပ် လက်ဆောင်ပေးတယ်။ 

 

ဒီအကြောင်းကို ၂၀၀၂ မှာ ချောင်စီတုန်းက ရုပ်သံအင်တာဗျူးတစ်ခုမှာပြန်ပြောတော့..“ အသင်းကားပေါ်မှာ ရုတ်တရက်အမေရိကန်တစ် ယောက် ရောက်လာတော့ ကျွန်တော်တို့အားလုံး အံ့အားသင့်သွားတယ်။ ယဉ်ကျေးမှုတော်လှန်ရေးမှ “အမေရိကန်နယ်ချဲ့ ကျဆုံးပါစေ” Down with American imperialism လို့ ကြွေးကြော်ခဲ့တာကို တိရသွားတယ်။ အသင်းသားအားလုံးကြောင်ပြီး တိတ်ဆိတ်နေချိန်မှာ ကျွန်တော်က သူ့ကို လက်ဆွဲ နှုတ်ဆက်လိုက်တာပါ” 

 

“ ဒီအချိန်မှာ ကျွန်တော်ဟာ နံပါတ်  ရန်သူနဲ့လက်ဆွဲနှုတ်ဆက်သင့်မသင့် စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် အက်ဂါစနိုး နဲ့ မော်စီတုန်းတို့ တိန့်အင်မင်ရင်ပြင်မှာ ဆုံတွေ့ကြတာကို မြင်ယောင်မိပြီး အရဲစွန့် နှုတ်ဆက် လိုက်တယ်

 

အမေရိကန် စားပွဲတင်တင်းနစ် ကစားသမား ဂလင်းကိုဝမ်နဲ့ ချောင်စီတုန်းတို့ နှစ်ဦး အသင်းဘတ်စ်ကားပေါ်က ဆင်းလာတဲ့ သတင်းဓါတ်ပုံဟာ နောက်နေ့ ဂျပန် သတင်းစာတွေမှာ ပါလာတယ်။ စစ်အေးခေတ်အခါမှာ ဒါဟာသတင်းတစ်ခုဖြစ်ခဲ့တယ်။ 

 

ဘတ်စ်ကားပေါ်မှာ လက်ဆောင်မပေးဖြစ်တဲ့ ဂလင်းကိုဝမ်ဟာ နောက်တစ်နေ့မှာ ချောင်စီတုန်းကို တီရှပ်တစ်ထည် လက်ဆောင်ပေးခဲ့တယ်။ တီရှပ်ပေါ်မှာ အနီ၊ အဖြူ၊ အပြာနဲ့ ရေးထားတဲ့ Peace သင်္ကေတ နဲ့အတူ Let it be ဆိုတဲ့ဘီးတဲလ်အဖွဲ့စာသားပါတယ်။

 

ဂျပန်မှာ ပြိုင်ပွဲကစားပြီးတဲ့နောက် အမေရိကန်စားပွဲတင် တင်းနစ်အသင်းဟာ တရုတ်ပြည်မှာ ကစားဖို့ ဖိတ်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ဒီဖိတ်ခေါ်မှုကို တရုတ်နိုင်ငံခြား ရေး ဝန်ကြီးဌာနက ငြင်းပယ် ထားတယ် မော်စီတုန်း နဲ့ ချူအင်လိုင်းက လာစေချင်တဲ့ ဆန္ဒရှိနေတယ်။ ဟိုတုန်းက အားကစားနဲ့ ပတ်သက်ရင် တရုတ်ရဲ့ ဆောင်ပုဒ်တစ်ခုက “ ချစ်ကြည်ရင်းနှီးမှုက ပထမ၊ ယှဉ်ပြိုင်မှုက ဒုတိယ 

 

မော်စီတုန်းဟာ ထိပ်တန်းခေါင်းဆောင်တွေဖတ်ဖို့အတွက်ပဲ ထုတ်တဲ့သတင်းစာထဲမှာ ချောင်စီတုန်းနဲ့ ဂလင်း ကိုဝမ်တို့အကြောင်းကို ဖတ်လိုက်ရတယ်။ ချောင်စီတုန်းဟာ တင်းနစ် ကစားရုံသာမက နိုင်ငံခြားဆက်ဆံရေးမှာလည်း တော်တယ် ဆိုပြီး ချီးကျူးတယ်။ အမေရိကန် စားပွဲတင် င်းနစ် အဖွဲ့ကိုလည်း တရုတ်ပြည် လာကစားဖို့ မီးစိမ်းပြလိုက်တယ်။ 


“ ပင်ပေါင် ဒီပလိုမေစီ” ဟာ အဲဒီက အစပြုခဲ့တယ်။

၁၉၇၂ ခုနှစ်မှာ အမေရိကန်သမ္မတနစ်ဆင် တရုတ်ပြည်ကိုလာပြီး မော်စီတုန်းနဲ့ မတွေ့မီ ၁၉၇၁ ထဲမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျား တရုတ်ပြည်ကို ပထမဆုံး လျှို့ဝှက် ရောက်လာပြီး ချူအင်လိုင်းနဲ့ တွေ့တယ်။

 

ဒီလိုနဲ့ တရုတ်နိုင်ငံကို အမေရိကန်အပါအဝင် ကုလသမဂ္ဂနိုင်ငံတွေက တရားဝင် အသိအမှတ်ပြုမှုတွေ ဖြစ်လာခဲ့တယ်။

 

ဒါဟာ လွန်ခဲ့တဲ့ ၅၂ နှစ်၊ ကစ်ဆင်းဂျာ အသက် ၄၈ နှစ်အရွယ်က အဖြစ်အပျက်တွေပါ။ ခုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင် ဟင်နရီ ကစ်ဆင်းဂျား အသက်(၁၀၀ပြည့်ပါပြီ။ 

 

အတိတ်က နှစ်နိုင်ငံဆက်ဆံရေးကို အစပြုခဲ့သူတစ်ဦးအနေနဲ့ လက်ရှိ တရုတ်မျိုးဆက်ခေါင်းဆောင် ရှီကျင့်ဖျင်အပါအဝင် ခေါင်းဆောင်တွေဟာ သူ့ကို တလေးတစားနဲ့ လက်ခံတွေ့ဆုံခဲ့ကြတယ်။ 

 

တကယ်တော့ သူဟာ မော်စီတုန်း၊ တိန့်ရှောက်ဖိန်၊ ကျန်ဇီမင်း၊ ဟူကျင်းတောင် အစရှိတဲ့ တရုတ်ခေါင်းဆောင် မျိုးဆက်အားလုံးနဲ့ ထိတွေ့ခဲ့သူ ဝါရင့်သံတမန်ဟောင်း တစ်ဦးသာမက ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခဲ့သူတစ်ဦး ဆိုရင် မမှားပါဘူး။

 

CWM.

 Xi Jinping meets Henry Kissinger as US Seeks to defrost China ties and Wikipedia ကို ဆီလျော်အောင်ဘာသာပြန်သည်။

ဆက်စပ် သတင်းများ

နိုင်ဂျာက အာဏာသိမ်းပွဲ..။
  • Web Master
  • ၃၀ ဇူလိုင် ၂၀၂၃
နိုင်ဂျာက အာဏာသိမ်းပွဲ..။
ဆူဒန်က အာဏာလုပွဲ...။
  • Web Master
  • ၂၀ ဧပြီ ၂၀၂၃
ဆူဒန်က အာဏာလုပွဲ...။