သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီးပေါက်တောမြို့နယ်ကဝင်ရောက်ယှဉ်ပြိုင်မယ့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သန်းထူးနှင့် တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.2k

ချစ်အိလှိုင်မေးမြန်းသည်။
၁ဝ-၁ဝ-၂ဝ၂ဝ

မေး- အစ်ကို့အနေနဲ့ လာမဲ့ ရွေးကောက်ပွဲကြီးမှာ ဘယ်နေရာ၊ ဘယ်ပါတီကဝင်ရောက်ယှဉ်ပြိုင်သွားမှာပါလဲ။
ဖြေ- ကျွန်တော်ကတော့ဦးအောင်သန်းထူးဖြစ်ပါတယ်။ ကျွန်တော်တို့ ပေါက်တောမြို့နယ်အနေနဲ့ ရခိုင် အမျိုးသားပါတီ ( ANP) က ကိုယ်စားပြု ပြည်သူ့ လွှတ်တော်နေရာမှ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

မေး - ၂ဝ၂ဝ ရွေးကောက်ပွဲကိုအစ်ကို့အနေနဲ့ဘာကြောင့်ဝင်ပြိုင်ရတာပါလဲ။
ဖြေ - ဟုတ်ကဲ့၊ ကျွန်တော်တို့ရွေးကောက်ယှင်ပြိုင်ရခြင်းအကြောင်းရင်းကတော့အကြောင်းရင်းတွေအများကြီးရှိ တယ်။ ဒါပေမယ့် ကျွန်တော်တို့အကျဉ်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးပဋိပက္ခ ကြောင့်ဖြစ်ပေါ်လာတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အဲ့ဒီအချက်တွေကို ကျွန်တော်တို့ကမှတ်တမ်းတင်မယ် လွတ်တော်မှာကျွန်တော်တို့ပိုပြီးပြောနိုင်မယ် ဆိုတဲ့ရည်ရွယ်ချက်ပါ။

မေး - အစ်ကိုကရွေးကောက်ပွဲမှာအနိုင်ရမယ်ဆိုခဲ့ရင်ဘာတွေဆက်လုပ်ဆောင်သွားဖို့ရှိလဲ။ ဘာတွေ လုပ်ချင်တာတွေ ရှိပါလဲ။
ဖြေ- ကျွန်တော်တို့အနိုင်ရခဲ့ရင် ကျွန်တော်တို့ပုံမှန် လုပ်ဆောင်သွားမယ်အရာတွေက ကျွန်တော်တို့ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေရှိမယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲဝင်ရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ နေရာဒေသ တွေမှာ ပြည်သူလူထု တို့ရဲ့လူအခွင့်အရေးချိုးဖောက်ခံနေရ တဲ့အခြေအနေတွေကိုမှတ်တမ်းတင်သွားမယ်။ နောက်ပြီးတော့ အဲ့ဒီအချက်တွေမှာ ကျွန်တော်တို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်နိုင်ဖို့ရာ အသိုင်းအဝိုင်း တွေကို ကျယ်ပြန့်သွားမယ်။ နောက်ပြီးတော့အဲ့ဒီဒေသမှာ ရှိတဲ့လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေ၊ ဒုက္ခရောက်နေတဲ့ပြည်သူတွေပိုပြီးတော့ ထိထိရောက်ရောက် ပြောနိုင်အောင် လွှတ်တော်မှာ ဖြစ်ဖြစ်၊ နိုင်ငံတကာ အခြေအနေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေသိနိုင်အောင် ပိုပြီးတော့ လုပ်ဆောင်သွားမယ့်   အ စီအစဉ်တွေရှိပါတယ်။

မေး - အစ်ကိုအနေနဲ့ မဲဆန္ဒရှင်တွေကိုဘာများပြောချင်ပါသလဲ။
ဖြေ-  ကျွန်တော်တို့မဲဆန္ဒရှင်တွေကိုအဓိကပြောချင်တာကတော့ ဒီ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ၂ဝ၁ဝ-ရွေးကောက်ပွဲ၊၂ဝ၁၅ရွေးကောက်ပွဲတွေနဲ့မတူဘဲ စစ်ရေးပဋိပက္ခတွေအရမ်းပြင်းထန်တဲ့အခြေအနေတွေ ဖြစ်တယ်။ ဒါကြောင့်ပြည်သူတွေ ကိုယ်စားပြုပြီးတော့ ပြည်သူ Mandate ပေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီ၂ဝ၂ဝမှာပိုပြီးတော့လိုအပ်နေတယ်။ လိုအပ်နေတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း ကျွန်တော်တို့အဓိကရည်ရွယ်ချက်အားဖြင့်ဆိုရင်ပြည်သူတွေခံစားနေရတဲ့လက်ရှိဖြစ်ပေါ်နေတာတွေကိုကွင်းကွင်းကွက်ကွက်နဲ့ ရဲရဲရင့်ရင့်နဲ့ တင်ပြနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေလိုအပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည် သူတွေအနေနဲ့ ဒီ၂ဝ၂ဝရွေးကောက်ပွဲကို ၂ဝ၁ဝ၊၂ဝ၁၅ ရွေးကောက်ပွဲတွေ ထက်ပိုပြီးတော့ အာရုံစိုက်ဖို့လိုပါမယ်။ ပူးပေါင်းပါဝင်ဖို့လိုပါမယ်။ နောက်ပြီးတော့ ကိုယ်စားလှယ်တွေရွေးချယ်ဖို့ မဲပေးဖို့လိုပါမယ် လို့ကျွန်တော်ပြောချင်ပါတယ်။  


(ပြီး)

ဆက်စပ် သတင်းများ