- Web Master
- ၀၃ ဇန်နဝါရီ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာတွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ်တွင် ပစ်ချလိုက်သည်ဟု သိရသည်။
ထိုသို့ ပစ်ချလိုက်ကြောင်းကို KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုကြောင်း ကချင်သတင်းဌာန (KNG) က သတင်းဖော်ပြသည်။
" ဂျက်ဖိုက်တာတစ်စီး ပစ်ချတာမှန်တယ် ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အသေးစိတ်တော့ မသိရသေးဘူး။ ဂျက်ဖိုက်တာပစ်ချတာတော့ အတည်ပြုပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
Photo: KNG