တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ကချင်ပြည် တနိုင်းမြို့အနီး အင်အား (၅.၅) အဆင့်ရှိ ငလျင်လှုပ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 137

နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၄

ကချင်ပြည် တနိုင်းမြို့ အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး (၅ ဒဿမ ၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု သိရှိရသည်။

 

မြန်မာမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ၎င်းငလျင်သည် ဧပြီလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၁၅) မိနစ်၊ (၃၆) စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၇၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာ)ကို ဗဟိုပြုလှုပ်ခတ်သွားခဲ့သည်ဟု ဖော်ပြသည်။

 

၎င်းငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုများအား မသိရှိရသေးပါ။

ဆက်စပ် သတင်းများ