တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရခိုင်တွင် ယနေ့နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

(စစ်တွေမြေငလျင်စခန်းမှ အရှေ့ဘက် (၈၁) မိုင်ခန့်ကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ဒဿမ ၃ အဆင့်ရှိငလျင်လူပ်ခတ်)


ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့နယ်အချို့တွင် ဇူလိုင်လ ၃၀ ရက်၊ နံနက်အစောပိုင်းတွင် အင်အားရစ်(ခ်)တာစကေး ၄ဒဿမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီခန့်တွင် စက္ကန့်အနည်းငယ်ကြာ လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"စက္ကန့်နည်းနည်းလောက် လှုပ်သွားတာပါ။ သိပ်တော့ မပြင်းဘူး"ဟု ပြောသည်။

အဆိုပါငလျင်လှုပ်ခတ်သွားမှုမှာ ဟုတ်မှန်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုး/ဇလ၏ထုတ်ပြန်ချက်တွင် "၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၅၉) မိနစ်၊ (၃၂) စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့ဘက် (၈၁) မိုင်ခန့်ကွာဝေးသောနေရာကို  ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်"ဟု ဖော်ပြထားသည်။

၎င်းဗဟိုပြုလှုပ်ခတ်သွားသောနေရာမှာ မြန်မာနိုင်ငံပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်တောင်ဘက် မိုင် (၂၀)ခန့်အကွာ) ဟုလည်း မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပြီးခဲ့သည့် မေလ ၁၂ ရက်၊ ညဥ့် ၃ နာရီ ၁၄ မိနစ်ကလည်း စစ်တွေအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် ၅ စက္ကန့်ခန့်အကြာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ (NN-16)

ဆက်စပ် သတင်းများ