တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် လေးရက်အတွင်း ငလျင် ခုနှစ်ကြိမ်လှုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂၁
မြန်မာနိုင်ငံတွင် ယခုတစ်လောအတွင်း ငလျင် ခပ်စိတ်စိတ် လှုပ်ခတ်နေရာ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အတွင်း ငလျင် (၇) ကြိမ်တိတိ လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
------------
ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီ၊ (၅၄)မိနစ်၊ (၂၅)စက္ကန့် အချိန်တွင် ထန်တလန်မြို့၏ မြောက်ဘက် (၇)မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း၌ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းဖော်ပြသည်။ ယနေ့ ည ၈ နာရီ ၁၅ မိနစ် ထုတ်ပြန်ချက် အရ ၎င်းငလျင်သည် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ထန်တလန်မြို့၏ မြောက်ဘက် (၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၀)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃.၄၄)ဒီဂရီ၊ အနက်(၁၃) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း ဖော်ပြသည်။
-----------------
နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ၊ (၅၁)မိနစ်၊ (၂၃)စက္ကန့် အချိန်တွင် (ဖောင်းပြင်မြို့၏ အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာ သိရှိရကြောင်း ဖော်ပြသည်။ တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မြောက်လတ္တီတွဒ် (၂၄.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားသည်ဟု ဆိုသည်။
-------------------
နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ၊ (၃၂)မိနစ်၊ (၂၄)စက္ကန့် အချိန်ကလည်း (တနိုင်းမြို့၏ မြောက်ဘက် (၃၉)မိုင်ခန့်အကွာ)၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း ဖော်ပြသည်။
-----------------------
နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ၊ ၄၉ မိနစ်၊ ၀၁ စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင် (၃၀) ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၇)ဒီဂရီ၊ အနက် (၄၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာသိရှိရသည်ဟု ဖော်ပြသည်။
------------------------
နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ၊ ၂ မိနစ်၊ ၅၇ စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၇၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၆.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၉)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း ဖော်ပြထားသည်။
--------------------------
နိုဝင်ဘာလ (၂၇)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ ၁၇ မိနစ်၊ ၁၈ စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှအရှေ့မြောက်ဘက် (၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟားခါးမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၇၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၇)ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ဆိုသည်။
---------------------
နိုဝင်ဘာလ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီ၊ ၁၅ မိနစ်၊ ၄၂ စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ထန်တလန်မြို့၏ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၈)ဒီဂရီ၊ အနက် (၄၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

ဆက်စပ် သတင်းများ