တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကျင်းပနေချိန် လေးရက်ကြာ တိုက်ပွဲရပ်မည်ဟု MNDAA ကြေညာသော်လည်း လားရှိုးတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 448

(ကြေညာချက်ထုတ်သည့်နေ့တွင်ပင် လောက်ကိုင် ဗုံးကြဲခံရပြီး တစ်ဦးသေ ၁၀ ဦးဒဏ်ရာရ

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၄

၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပရန်ရှိနေသဖြင့် () ရက်တာ အပစ်ရပ်မည်ဟု MNDAA က ထုတ်ပြန်သော်လည်း လားရှိုးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အဆိုပါ ကြေညာချက် ထုတ်ပြန်သည့်နေ့တွင်ပင် လောက်ကိုင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ တစ်ဦးသေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်။

လားရှိုးမြို့ တဝိုက်တွင် ဇူလိုင်လ ၁၄ ရက်နေ့ ၁၂ နာရီမှ ဇူလိုင်လ ၁၈ ရက်နေ့ထိ လေးရက်ကြာ စစ်ရပ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခြင်းမှာ တရုတ်နိုင်ငံတွင် အာဏာရ ကွန်မြူနစ်ပါတီ၏ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန်ရှိပြီး တရုတ်နိုင်ငံ၏စိုးရိမ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အပစ်ရပ်နားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။


ထိုသို့ ထိုးစစ်ရပ်ခြင်းကို တပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည်ဖြစ်ပြီးအပစ်ရပ်နားထားချိန် စစ်ကောင်စီ တပ်မှ တိုက်ခိုက်လာပါက ခုခံကာကွယ်ခွင့်ဖြင့် တန်ပြန်တိုက်ခိုက်နိုင် ကြောင်းလည်း MNDAA မှ ထုတ်ပြန်ထားသည်။

ထိုသို့ ကိုးကန့် MNDAA က  ရက်တာ အပစ်ရပ်ကြောင်း ကြေညာသော်လည်း လားရှိုးမြို့မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး မြို့ထဲကနေ သေနတ်သံတွေပါ ကြားနေရသည်ဟု မြေပြင်သတင်းရင်းမြစ်ကို ကိုးကားပြီး ရွှေဖီမြေက သတင်းဖော်ပြသည်။

ဇူလိုင် ၁၅ ရက် နက်ကတည်းက ချနေကြတာ။ လက်နက်ကြီးတွေရော ပစ်နေတာ။ ဒီညနေတော့ ပိုဆိုးလာတယ်။ မြို့ထဲ လက်နက်ကြီးသံတွေ ကြားရတယ်။ ဆင်တောင်ဘက်က သေနတ်သံတွေပါ ကြားနေရတယ်ဟု သတင်းတွင် ဖော်ပြထားသည်။

လားရှိုးမြို့အနီး ရပ်ကွက် အထက်က နမ့်ကျန်နှင့်  ကောင်းခါးရွာကြားက နတ်ရေကန်ကိုလည်း ကိုးကန့်တပ်က သိမ်းပိုက်ရရှိထားပြီး တိုက်လေယာဉ်များလည်း ဆက်တိုက် ဝဲပျံနေသည်ဟု ဆိုသည်။

လားရှိုး မြို့အပြင်ရှိ မယ်ဟန်၊ မြို့တွင်းထဲက ရပ်ကွက် ှင့်  ဆင်တောင်ဘက်တွင်  လက်နက်သံများ ထွက်ပေါ်နေကြောင်း၊  ဇူလိုင် ၁၅ ရက် တစ်နေ့လုံး စစ်တပ်က လေကြောင်းကနေ လေထီးဖြင့်  လူအင်အား၊ ပစ္စည်းများလည်း လာရောက် ချသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

လောက်ကိုင်မြို့ကိုလည်း  ဇူလိုင်လ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့် သတင်းဌာနမှ သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် နာရီ ခန့်အချိန်တွင် ပြည်သူများ အိပ်ပျော်နေစဉ် အထူးဒေသ() မြို့တော် လောက်ကိုင်မြို့ တုံချိန်ဒေသအား ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ Wang  အသက် (၃၇) နှစ်ဖြစ်ပြီး ဆီအောရွာနေသူများဖြစ်သည်။  ဦးခေါင်း နောက်ပိုင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်အာဏာသိမ်းစစ်တပ်က အချိန်အတော်ကြာ လေကြောင်းမှ ထောက်လှမ်းပြီးနောက် လောက်ကိုင်မြို့အား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရရှိတဲ့ အချက်အလက်များ အရ လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံး၊ အနည်းဆုံး ပြည်သူ ()ဦး ထိခိုက်ဒဏ်ရာရကာ ဟိုတယ်နဲ့ တခြား အဆောက်အဦများ ထိခိုက် ပျက်စီးခဲ့ရပါသည်ဟု The Kokang သတင်းတွင်ဖော်ပြထားသည်။

ဓာတ်ပုံ- The Kokang

ဆက်စပ် သတင်းများ