တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

MNDAAနှင့် AA မှ ကိုးကန့်ခရိုင်တွင် တပ်စခန်း (၄)ခုကို ထပ်မံသိမ်းယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 901

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် စစ်ကောင်စီတပ်၏ တပ်စခန်း (၄) ခုကို ဆက်လက်တိုက် ခိုက်သိမ်းယူခဲ့ကြောင်း ကိုးကန့်သတင်းမီဒီယာက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ( ၃၀) ရက်နေ့ ညနေ(၅:၂၀)နာရီခန့် တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ မူပန်(သိန္နီ)ဒေသ ၊ ဟိုပန်ကျေးရွာ ၊ မိုင်းတင်ရာဘာတောင်ကုန်းရှိ တပ်စခန်းကို တိုက်ခိုက် သိမ်းယူခဲ့ပါသည်။

ထိုနေ့ည(၁၀)နာရီ ခန့်တွင် ရက္ခိုင့်တပ်တော်(AA)မှ နာတီရွာတစ်ဝိုက်တွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ပါသည်။

အောက်တိုဘာ ၃၁ ရက်နေ့ နံနက်တွင် ကိုးကန့်(MNDAA)သည် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဟိုကျီတုံ တပ်စခန်း(၂)ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (၈း၂၀)နာရီခန့်တွင် ၎င်းတပ်စခန်း(၂)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

MNDAA သည် ၎င်းတပ်စခန်းများကို ရှင်းလင်းရေးလုပ်ဆောင်နေဆဲဟု သိရှိရသည်။

ဆက်စပ် သတင်းများ