အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီးတွင် ကျည်အစစ်များအသုံးပြုကာ (၃)ရက်ကြာ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 694

ဂျွန်သနန်၊ ဩဂုတ် ၂၆/ ၂၀၂၄

တရုတ်စစ်တပ်သည် မြန်မာနယ်စပ်အနီးတွင် ကျည်အစစ်များအသုံးပြုကာ (၃)ရက်ကြာ စစ်ရေး လေ့ကျင့်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်းရိုက်တာသတင်း ဖော်ပြချက်အရသိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့တစ်ဖွဲ့သည် သြဂုတ် (၂၇)ရက်မှ (၂၉)ရက်အထိ တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်များအသုံးပြုကာ စစ် ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း တရုတ်စစ်တပ်က ယနေ့(သြဂုတ်၂၆)ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လာသဖြင့် လုံခြုံရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန်အတွက် မြန်မာနှင့် နယ်စပ်အနီး(တရုတ်ဘက်အခြမ်း) တွင် တရုတ်စစ်တပ်သည် ဝေဟင် နှင့် မြေပြင် ပူးတွဲ ကင်းလှည့်မှုများကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်ကယနေ့(သြဂုတ်၂၆)ရက် တွင် ပြောကြားခဲ့သည်။

ကင်းလှည့်မှုများကို တရုတ်နိုင်ငံရှိ ရွှေလီ၊ ကျန်းကန် နှင့် အခြားသော ရှေ့တန်းစခန်းများ အနီးတဝိုက်ရှိ နယ်မြေများတွင် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှုများကို ရွှေလီတောင်ဘက်ရှိ ကျန်းကန် ဒေသ ၊ယူနန်ပြည်နယ် အနောက်ဘက် ဒေသ တဝိုက်နှင့် အခြားနယ်မြေများတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်စစ်တပ်ကပြောဆိုသည်။



မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲကြီးများဖြစ်ပွားခဲ့ရာ အမြောက်ဆံ များသည် တရုတ်ဘက်ခြမ်း ကိုကျရောက်ခဲ့သည့်အတွက် လူများဒဏ်ရာရကာအိမ်ရာများ လည်းထိခိုက် ပျက်စီးခဲ့ရကြောင်း တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကိုလည်း ခြိမ်းခြောက်မှုများရှိလာနေသည်ဟုဆိုသည်။

အဆိုပါ ပဋိပက္ခသည် တရုတ်-မြန်မာနယ်စပ်ရှိ တည်ငြိမ်ရေးကို အနှုတ် သဘောဆောင်သည့် အကျိုး သက်ရောက်မှုများ ရှိနေသည်ဟု တရုတ်ကပြောဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၀မ်ရိ က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိုပြန်လည်ဖော်ဆောင်ရန် ကတိကဝတ်များ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

South China Morning Post သတင်းဖော်ပြချက်တွင်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAမှ အကြီးတန်းအငြိမ်းစား ဗိုလ်မှူးကြီး Zhou Bo က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရှိမည်သည့် ပဋိပက္ခကိုမဆို တရုတ်နိုင်ငံက ဆန့်ကျင်သွားမည်ဟု ပြောကြားပြီး ဘေဂျင်းသည်လည်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် လုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ထောက်ပြပြောဆို သည်။

လုံခြုံရေးစိုးရိမ်မှုများ တိုးလာသောကြောင့် ပေကျင်းသည် မြန်မာနိုင်ငံနှင့် နယ်စပ်တွင် ဧပြီလတွင် လေ့ကျင့်မှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်

ထိုအချိန်က စစ်တပ်အာဘော် PLA Daily က တရုတ်စစ်တပ်သည် ၎င်း၏ပြည်သူများဘေးကင်းရေးကို ကာကွယ်ရန်အတွက် လိုအပ်သည့်အစီအမံအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Source/Reuters /South China Morning Post

 

ဆက်စပ် သတင်းများ