တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျည်ထိမှန်ခဲ့သည့် ကျောက်တော်မြို့နယ်မှ အဝေးသင်နောက်ဆုံးနှစ်ကျောင်းသားကိုစစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 498

နီမင်းထွန်း
နိရဥ္စရာ၊ အောက်တိုဘာ ၁၅ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊သဝင်ကိုင်းကျေးရွာအုပ်စု၊ရွှေလှိုင်ကျေးရွာတွင် ယနေ့နံနက် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သူမှာ အဝေးသင်တက္ကသိုလ် မြန်မာစာ နောက်ဆုံးနှစ်ကျောင်းသား မောင်နေဆန်းဝင်း(၂၄)နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံမှ စစ်တွေမြို့ဆေးရုံကြီးသို့ ကားဖြင့် ယူဆောင်ခဲ့ရပြီး ယနေ့ နေ့လယ် ၂ နာရီကျော်က စစ်တွေဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ 

ဒဏ်ရာရရှိခဲ့သူ မောင်နေဆန်းဝင်း၏ မိခင် ဒေါ်လှကျော့စိန်က "ကျမသားက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ဒီနေ့ သူ့ငယ်ချင်းတွေနဲ့အတူ စစ်တွေကို ကျောင်းသွားတက်ဖို့ ကားထုတ်နေတာ။ အဲဒီမှာ စစ်တပ်ကပစ်လို့ သေနတ် မှန်သွားတယ်။ ခေါင်းမှာနှစ်ချက်၊ ကျောမှာ သုံးချက်ဒဏ်ရာသွားတယ်။ ရွာနားမှာစစ်ပွဲဖြစ်တာလည်းမရှိဘူး"ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။
 
 ယနေ့ နံနက် ၆ နာရီခန့်က ရွှေလှိုင်ကျေးရွာတွင်စစ်တပ်ကပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် စစ်အောင် ကျေးရွာမှ ဦးကုလားမောင်(ခေါ်) ဦးခင်အောင်ကြည် (၅၃)နှစ်မှာ နေရာတွင်ပွဲချင်းပြီးသေဆုံး ခဲ့ပြီး၊ ရွှေလှိုင်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား မောင်နေဆန်းဝင်း (၂၄)နှစ်တွင် ဒဏ်ရာပြင်းထန် ရရှိခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးပါ။

ဆက်စပ် သတင်းများ