တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ချောင်းကြီးကျေးရွာသား ၂ ဦးကို စစ်တပ်က တိုင်းဗဟို၉ သို့ ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာအနီးရှိ ချောင်းကြီးကျေးရွာမှ ရွာသားနှစ်ဦးကို ယနေ့နံနက်က စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ နှစ်ဦးမှာ ချောင်းကြီးကျေးရွာ ကမ်းလမ်းဘေးရှိ ရတနာထွန်း ထမင်ဆိုင်ပိုင်ရှင် ဦးထွန်းမြင့် (၅၁) နှစ်နှင့် ကိုနိုင်လင်း ( ၂၉ )နှစ် တို့ဖြစ်ကြကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ မသင်္ကာလို့ ခေါ်သွားတယ်လို့ ပြောတာဘဲ။ တိုင်းဗဟို ၉ ကမ်းနီကို ခေါ်သွားတယ်လို့ ပြောတာပဲ။ မိသားစုတွေ တွေ့လို့ မရလို့ သိရပါတယ်” ဟု ပြောသည်။ 

အနီးအနားတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း၊ မနေ့ ညနေက စစ်ကြောင်းရောက်လာပြီး ယနေ့ နံနက်က ခေါ်ယူသွားခြင်း ဖြစ်ကြောင်း၊ ကျေးရွာသားများ ကြောက်လန့်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ ခေါ်ယူသွားတာက ဒီကနေ့ ၂၁ ရက် မနက် ၆ နာရီလောက်ကလို့ သိရတယ်။ ထမင်းရှင်ပိုင်ရှင် ဦးထွန်းမြင့်နဲ့ ကျေးရွာ စာရေးရဲ့သား ကိုနိုင်လင်း နှစ်ယောက်ကို တပ်မတော် စစ်ကြောင်း တစ်ခု ဖမ်းခေါ်သွားတယ်လို့ ပြောတယ်။ မြေပုံမြို့နယ် ကမ်းနီမှာ ရှိတဲ့ တိုင်းဗဟို ၉ ကို ခေါ်သွားတယ်။ ရပ်မိရပ်ဖတွေက ကျွန်တော်ဆီကို အကြောင်းကြား ကြပါတယ်။ အဲဒါနဲ့ တိုင်းဗဟို ၉ ကို သွားတွေ့ဖို့ ကျွန်တော်က အကြံပြုပါတယ်။ နောက်ပိုင်းမှာ ချောင်းကြီး အုပ်ချုပ်ရေးမှူး၊ ယိုစနွင်းအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံဆရာတော်တွေက တိုင်းဗဟို ၉ ကို သွားပြီး မေးကြပါတယ်။ တွေ့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ သူတို့နှစ်ဦးကို အမ်းထိ ခေါ်သွားမယ်လို့ ပြောလိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။ 

ဆက်စပ် သတင်းများ