သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောင်းဘွေတံတားဆောက်လုပ်နေ့သည့် ဝန်ထမ်းတစ်ဦး ကျည်ထိမှန်၍ စစ်တွေဆေးရုံရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.5k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးတွင် မြောင်းဘွေတံတား ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦး ကျည်ထိမှန်၍ ယေနေ့ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တွေဆေးရုံကိုဆေးကုသရန် ရောက်ရှိကြောင်းသတင်းရရှိသည်။

ဒဏ်ရာရသူမှာ စစ်တွေမြို့နယ်အမြင့်ကျွန်းကျေးရွာမှ ကိုဦးမြို့ထွန်း(၂ဝ)နှစ်ဖြစ်သည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်က လုပ်ငန်းခွင်တွင်အလုပ်နေချိန်လက်နက်ကျည်၍ ဘယ်ဘက် ခြေသလုံးနှင့် ပေါင်တွင်ကျည်ဖောက်သွားပြီး ဒဏ်ရာပြင်းထန်ကြောင်း လူနာနှင့်လိုက်ပါလာသည့် ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။

အမည်မဖော်လိုသည့် ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးက “ကျနော်တို့အလုပ်လုပ်နေချိန် ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ဖြစ်သွားတာပါ။ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တပ်ကနေ  စစ်ကားနဲ့ လမ်းတစ်လျှောက်လုံး ပစ်သွားတာ။ အဲဒီမှာသူရဲ့ ခြေသလုံးနဲ့ပေါင်ကို ကျည်ဖောက် သွားတာ”ဟု နိရဥ္စရာသတင်းဌာကိုပြောသည်။

၄င်းမြောက်ဦးမြို့နယ်အတွင်းပစ်ခတ်ခံရမှုတွင် ဘူးတလုံးမူဆလင်ကျေးရွာမှ လက်နက်ကြီး ကျည်ကျ၍ မူဆလင် ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်။

တန်းပျင်းကြီးကျေးရွာမှ လင်မယားနှစ်ဦးမှာလည်း အိမ်ပေါ်ထိုင်နေစဉ် လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသွားပြီး မြောင်းဘွေကျေးရွာတွင်လည်း နေအိမ် ၄ ဆောင် မီးလောင် ပျက်စီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး ဝင်းဇော်ဦးက  ̏ မြောက်ဦးမှာတိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲဖြစ်တာ လုံးဝ လုံးဝ မရှိဘူး။ မီးလောင်တာကလည်း ပေါ့ဆမီးဘဲဖြစ်မှာ˝ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ယနေ့နံပိုင်းတွင် မင်းပြားမြို့ဖက်မှလာသော တပ်မတော်ယာဉ်တန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) က ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

-------------------------------


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၉/၂ဝ၂ဝ











ဆက်စပ် သတင်းများ