တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပန်းချီဆရာ ၄ဝ ကျော် ပါဝင်ပြသသည့် စစ်တွေမြို့မှ ပန်းချီပြပွဲစတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

(ဓာတ်ပုံသတင်း)
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/၂၀၂၁
ရခိုင်ပန်းချီဆရာ ၄ဝ ကျော်ပူးပေါင်းပါဝင်ပြသသည့် စစ်တွေမြို့မှ ပန်းချီပြပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ပြသနေပြီဖြစ်သည်။
မဇ္ဈိမတံခါးအမည်ရှိ အဆိုပါပန်းချီပြပွဲကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီမှစတင်ကာ စစ်တွေမြို့ ခိုင်သဇင်ပန်းခြံခန်းမတွင် စတင်ပြသနေခြင်းဖြစ်သည်။
အဆိုပါပန်းချီပြပဲဲွတွင် ရခိုင်ပြည်မှ ရှုခင်း၊ မြင်ကွင်းများနှင့် ရခိုင်သဘာဝအလှအပမြင်ကွင်းများကို နိုင်ငံတကာပန်းချီပြပွဲများ၌ပြသနေသည့် ရခိုင်ပန်းချီဆရာများအပါအဝင် ပန်းချီဆရာ ၄၄ ဦးက လက်တွေ့ရေးဆွဲပြသနေကြခြင်းဖြစ်သည်။
အဆိုပါပန်းချီပြပွဲကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်ကြာပြုလုပ်နေခြင်းလည်းဖြစ်သည်။
ရခိုင်လူမျိုးများနှင့် ဝါသနာရှင်များအနေဖြင့် ပန်းချီပညာကို ပိုမိုစိတ်ဝင်စားမှုရှိလာစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ဦးဆောင်သူများက ပြောသည်။

ဆက်စပ် သတင်းများ