စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သံတွဲ- ဂွလမ်းမကြီးပေါ်တွင် မိုးရေကြီးမှုနှင့် ချောင်းရေလျှံမှုတို့ကြောင့် ဓာတ်တိုင် ၃ တိုင်လဲကျမှုဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နိရ ဉ္စရာ၊ ဇွန် ၁၃/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဂွမြို့သို့သွားသည့် သံတွဲ-ဂွလမ်းမကြီးပေါ်တွင် ယမန်နေ့က မိုးရေကြိီးမှုနှင့် ချောင်းရေလျှံမှုတို့ကြောင့် ရွှံ့မြေထဲတွင် စိုက်ထားသည် ဓာတ်တိုင် ၃ တိုင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၂ နာရီခန့်က မိုးသည်းထန်စွာရွာကာ ချောင်းရေလျှံသဖြင့် မြေပျော့လာခဲ့သည့်အတွက် သံတွဲ-ဂွလမ်းမကြီးပေါ်ရှိ ညောင်ပင်သာရွာ၊ သုခဝတ္တီဘုန်းတော်ကြီးကျောင်းအနီးရှိ ဓာတ်တိုင် ၃ တိုင် လဲကျသွားခြင်းဖြစ်ကြောင်း အနီးအနားရှိ ဓာတ်ဆီဆိုင်မှ ကိုညီလေးက နိရ ဉ္စရာသို့ပြောသည်။
"မနေ့ညက မိုးတအားရွာတော့ ချောင်းရေတွေကလည်း လျှံတယ် အဲနားမှာ။ လမ်းက တောင်နားကပတ်ပြီး ဖောက်ထားတာ။ လမ်းပေါ်ကိုဖြတ်ပြီးလဲ ကျသွားတာ" ဟု ပြောသည်။
အဆိုပါဓာတ်တိုင်လဲကျမှုဖြစ်ပွားခဲ့ချိန်တွင် လမ်းမကြီးပေါ်၌ လမ်းသွားလမ်းလာများမရှိသဖြင့် လူတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဘဲ ယင်းနေ့ညနေပိုင်းတွင် ၎င်းဓာတ်တိုင်များအား တာဝန်ရှိသူများက ပြန်လည်စိုက်ထူခဲ့ပြီဖြစ်ကြောင်း သိရသည်။(NN-8)
ဓာတ်ပုံ - လျှပ်စစ် မင်း သား

ဆက်စပ် သတင်းများ