- Web Master
- ၁၆ မေ ၂၀၂၄
နိရဉ္စရာ၊ မတ် ၃/ ၂၀၂၃
မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း
ထိုစစ်ဘေးရှောင်စခန်းတွင် ကလေး၊ လူကြီး စုစုပေါင်း ၂၀ ဦးခန့် ရေကျောက်ရောဂါနှင့် ပါးကျိတ်ရောင် ရောဂါများဖြစ်ပွားနေခြင်းမှာ ၁ ပတ်ကျော်ခန့်ကြာနေဖြစ်ကြောင်း မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း
"စခန်းမှာက လက်ဆည်ကန်ကရေကိုသုံးရပါတယ်။ ရေကန်က ရေခမ်းနေပြီဖြစ်တဲ့အတွက် ခရုလေးတွေ၊ မြက်အနှစ်တွေ ပါတော့။ ရေကျောက်ရောဂါပေါက်တာက ရေများများချိုးရင်တော့ ပျောက်ပါတယ်။ ဒါပေမဲ့ ရေမသန့်ရှင်းတော့ အဆင်မပြေပါဘူး" ဟုပြောသည်။
၎င်းရောဂါများကို စခန်းတွင်
MSF (နယ်စည်းမခြားဆရာဝန်များအဖွဲ့)က အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ်ထားသည့်ဆေးခန်းတွင် ပြသနေကြသော်လည်း သက်သာမှုမရှိသေးဟု သိရသည်။
ပြင်ပဆေးရုံဆေးခန်းများသို့ သွားရောက်ကုသရန်လည်း ငွေကြေးအခက်အခဲရှိကြသည်ဟု ပြောသည်။
ရေကျောက်ဆိုသည်မှာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်ကာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်
ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက်ဖြစ်စေတတ်သလိုပင် လူကြီးများတွင်လည်း ရေယုန်အရေပြားရောဂါကို ဖြစ်စေတတ်သေးသည်။
လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်များသည် အလွန်နာကျင်တတ်ကာ ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်နိုင်သည်ဟုလည်း သိရသည်။
ယခု ထိုရောဂါဖြစ်ပွားနေသည့် မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း
လက်ရှိတွင် အိမ်ထောင်စု ၁၉၁ စုရှိပြီး လူဦးရေ ၇၈၃ ဦးခိုလှုံနေကြောင်း သိရသည်။ (NN-13)