တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ဒီရေတော ဧက၃သောင်းခန့်အား ဒေသခံပြည်သူများအသုံးပြုနိုင်ရန် စိုက်ပျိုးထိန်းသိမ်းနိုင်ပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

(ယခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ၄ လအတွင်း ဒီရေတောသစ်ပင် တစ်သိန်းနီးပါးအား စိုက်ပျိုးပေးနိုင်ခဲ့)

နိရဥ္စရာ၊ ဧပြီ ၂ / ၂၀၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဒီရေတောဧရိယာ ဧက သုံးသောင်းခန့်ကို ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် စိုက်ပျိုး ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း ဒီရေတောစိုက်ပျိုး၊ ထိန်းသိမ်းနေသူ ကိုမျိုးလွင်က ပြောသည်။

ထိန်းသိမ်းထားနိုင်သည့် ဒီရေတောများမှာ အမ်းမြို့နယ်အတွင်းရှိ ကျားအိုချောင်း၊ မြုံဦးကျွန်း၊ ဇီးကျွန်းမော်၊ ဆရာတော်ဦးဥတ္တမ ဘေးမဲ့တောနှင့် ဆနွှင်းတောတို့တွင်ဖြစ်သည်ဟု ကိုမျိုးလွင်က ဆိုသည်။

 

ကျနော်တို့ထိန်းသိမ်းထားတဲ့ ဒီရေတောတွေပြုန်းတီးသွားရင်တောင် မြေဧရိယာတွေ အများစု ဒေသခံတွေအသုံးပြုဖို့အတွက် ကျန်နေအောင် ကျနော်တို့ ကြိုးစားနေရတယ်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့ ဒီရေတောနေရာတွေကို လူနည်းစုတွေ မပိုင်ရအောင်ဘဲ ကျနော်တို့လုပ်နေတယ် အခု ဧက ၃ သောင်းလောက် ဒေသခံပြည်သူတွေ အသုံးပြုနိုင်ဖို့ ထိန်းသိမ်းထားနိုင်ဖြစ်ပါတယ်ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒီရေတောများ မြေလွတ်မြေရိုင်းများကို တချို့စီးပွားရေးသမားများက မြေစာရင်းဖောက်ကာ လူတစ်ဦးတစ်ယောက်ပိုင် လုပ်ကိုင်ဆောင်ရွက်မှုများရှိနေ၍ အများပြည်သူ မှီခိုအားထားနေရသည့် ဒီရေတောများ  လူနည်းစုပိုင် ဖြစ်သွားရန် ဆောင်ရွက်နေရသည်ဟု ၎င်းက ပြောသည်။

အများပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ ဒီရေတောတွေကို လူနည်းစုက ပိုင်ဆိုင်သွားရင် ကျန်တဲ့ လူတွေ အနေနဲ့ င်းခုတ်လို့လည်း မရတော့သလို ငါးပုဇွန်ရှာစားလို့လည်း မရတော့ဘူး။ ဒီလို အခြေအနေမျိုးဆိုရင် ဒေသခံတွေစားဝတ်နေရေးက ပိုပြီးခက်ခဲသွားလိမ့်မယ်။ ဒါကြောင့် အခုလို  ထိန်းသိမ်းစောင့်ရှောက်နေရခြင်းဖြစ်ပါတယ် သူက ဆိုသည်။

အမ်းမြို့နယ်တွင် ယခုနှစ်ဧပြီလအထိ ၄ လအတွင်း ဒီရေတောသစ်ပင်အရေအတွက် တစ်သိန်း နီးပါးအား စိုက်ပျိုး ပေးခဲ့သည်ဟုလည်း ကိုမျိုးလွင်က ဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/ရက္ခိုင့်တပ်တော် (AA)အနေဖြင့်လည်း ဒီရေတော အပါအဝင်၊ သစ်တောနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေတစ်ရပ်ကို မိမိတို့ ထိန်းချုပ်ထားသည့် နေရာများတွင် ပြဋ္ဌာန်းရန် လိုအပ်နေသည်ဟုလည်း ကိုမျိုးလွင်က ထောက်ပြသည်။

“ULA / AA ကနေပြီးတော့ သစ်တောနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်လိုက်ရင်တော့ အဆင်ပြေမှာပါ။ ဒေသအတွက် အမှန်တကယ် ထင်း၊ လောင်စာလိုအပ်တဲ့ သူတွေလည်း စနစ်တကျ ခုတ်လှဲဖို့ လိုအပ်သလို၊ သောဝပတ်ဝန်းကျင်အတွက် ထိန်းသိမ်းဖို့ နေရာတွေကိုလည်း သတ်မှတ်ပေးဖို့လိုအပ်တယ်ဟုပြောသည်။

ULA / AA က သစ်တောနှင့်ပတ်သက်ပြီး ဥပဒေများထုတ်ပြန်ရာတွင်လည်း ပြည်သူလူထုအတွက် ဝန်ထုပ်၊ ဝန်ပိုး မဖြစ်စေမည့် ဥပဒေကိုသာ ထုတ်ပြန်ရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးပြီး လျှပ်စစ်မီး ပုံမှန်မရရှိသည့်အတွက် ဒီရေတောများကို ခုတ်ပြီး ထင်းနှင့် ီးသွေးဖုတ်ခြင်းတို့ကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံးမှုဖြစ်လာနေသည်ဟု သူက ပြောသည်။

ရခိုင်ဒေသသည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ဒီရေတောများအား ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ဒီရေတောများပြုန်းတီးသွားလျှင် သဘာဝဘေးအန္တရာယ်များအား ကြုံတွေ့ရခြင်း၊ သားငါးပုဇွန် အစရှိသည့် ရေသယံဇာတများ ဆုံးရှုံးခြင်းစသည့် ဆိုးကျိုးျားနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ရသည်ဟု ၎င်းက ပြောကြားသည်။ (NN - 21)

 

Photo - Ko Myo Lwin

ဆက်စပ် သတင်းများ