တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရှိ အလုပ်သမားအများစု အလုပ်သမားနေ့တွင်လည်း ပိတ်ရက်ခံစားခွင့် မရရှိဘဲ အလုပ်လုပ်ကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 504

နိရဥ္စရာ၊ မေ ၁ / ၂၀၂၃
 

ရခိုင်ပြည်နယ်တွင် အလုပ်သမားများသည့် မေဒေး ၁ ရက် အလုပ်သမားနေ့တွင်လည်း အလုပ်ပိတ်ရက် ခံစားခွင့်မရရှိဘဲ အလုပ်လုပ်နေကြသဖြင့် သူတို့၏ အခွင့်အရေးများ ုံးရှုံးနေရကြောင်း အလုပ်သမားများက ပြောဆိုသည်။

 

စစ်တွေရှိ ဖုန်းဆိုင်ဝန်ထမ်းတစ်ဦးက အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့ အပြင်မှာ အော်နေကြပေမဲ့ လက်တွေ့မှာက လုပ်ဆောင်တာမရှိဘူး၊ ကျမတို့ဆိုင်လည်း မပိတ်ပါဘူး။ အလုပ်သမားနေ့ဆိုပေမဲ့ အလုပ်ကတော့ ဆင်းနေရတာပါပဲ။ ပုံမှန်နေ့တွေလို နံနက် (၉)နာရီကနေ ညနေ (၁၀)နာရီအထိ အလုပ်ဆင်းရတာပါပဲ ဟု ဆိုသည်။

 

ယနေ့ မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သော်လည်း ရခိုင်ရှိ စက်ရုံ အလုပ်ရုံ စျေးဆိုင်ကပိုင်ရှင်များသည် လုပ်သမားများအား မေဒေး ၁ ရက်ကို ပိတ်ရက်ခံစားခွင့်မပြုဘဲ အလုပ်ဆင်းခိုင်းကြောင်း စက်ရုံအလုပ်သမားများနှင့် ဆိုင်ဝန်ထမ်းများက ဆိုကြသည်။

 

ရခိုင်ရှိတဲ့ ဆန်စက် ဆန်ပွဲရုံတွေ အပါအဝင် ပွဲရုံအများစုနဲ့  စားသောက်ဆိုင်၊ စျေးဆိုင်၊ ဖုန်းဆိုင်၊ အချို့ ပုဂ္ဂလိက အလုပ်ဌာနတွေနဲ့ အသင်းအဖွဲ့တွေမှာ လုပ်နေကြတဲ့ အလုပ်သမားတွေမှာ မေဒေးမှာ ရုံးပိတ်ရက်ခံစားခွင့်မရကြဘူး။ အများစု အလုပ်သမားတွေက အလုပ်သမားနေ့ကိုတောင် မသိကြဘူးဟု ဆိုသည်။

 

တစ်ဘက်တွင်လည်း အချို့စက်ရုံများရှိ အလုပ်သမားများအနေဖြင့် စားဝတ်နေရေး အခက်အခဲများရှိနေသည့် အတွက် မေဒေးကို မသိကျိုးကျွန်ပြုထားရကြောင်း ရခိုင်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

 

မေဒေးဆိုပေမဲ့ လူတန်စားအလွှာနဲ့ တိုင်းရမှာပဲ။ အစိုးရဝန်ထမ်းတွေ၊ တခြားအဖွဲ့အစည်းက မေဒေးနဲ့ ပိတ်လိုက်တယ်ပေါ့။ ဒါပေမဲ့ ဆိုင်တွေရှိပေမဲ့ အဲဒီဆိုင်မှာ လုပ်နေကြတဲ့  အလုပ်သမားတွေမှာတော့ မပိတ်ဘူးပေါ့။ သူတို့ အလုပ်ရှင်က မပိတ်ရင် သူတို့ပိတ်လို့လည်း မရဘူးပေါ့။ အလုပ်ရှင်က မပိတ်ဘဲ သူတို့က ပိတ်လိုက်ရင် အလုပ်ပြုတ်တာတွေရှိနိုင်တယ်လေဟု ဆိုသည်။

 

ရခိုင်ရှိ အလုပ်သမားများအနေဖြင့် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသော်လည်း ယင်းသို့ ချိုးဖောက်ခံနေရမှုနှင့်ပတ်သက်ပြီး တိုင်တန်းမှုလည်း အားနည်းကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

 

ရခိုင်ဘက်မှာက အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား အခုလို ချိုးဖောက်မှုတွေရှိနေတယ်။ ကျနာ်တို့လည်း တွေ့ရတာတွေရှိတယ်။ ဒါပေမဲ့ အလုပ်သမားတွေအတွက်ကတော့ နစ်နာမှုတွေ၊ လိုအပ်ချက်တွေ ရှိနေတယ်ဆိုပြီး ရခိုင်က အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး လှုပ်ရှားနေသူတွေကို တိုင်တာတွေ မရှိဘူး။ သူတို့ မသိတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီဘက်မှာက အလုပ်သမားအခွင့်အရေး အပြည့်ရနေတ မရှိသလောက်ပါဘဲဟု ဆိုသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစပြီး စစ်အုပ်စုက နိုင်ငံအာဏာကို မတရားသိမ်းယူခဲ့သည့်အတွက် အလုပ်သမား အခွင့်ရေးများ၊ လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများ အလွန်ဆိုးရွာစွာ ချိုးဖောက်ခံနေရပြီး တိုင်းပြည်နှင့် ပြည်သူလူထုသည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဧပြီလ (၃၀)ရက်က ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတကာတွင် အလုပ်သမားနေ့ မေလ (၁)ရက်၌ အစိုးရရုံးများ၊ အလုပ်ရုံများ၊ စျေးဆိုင်များကို ပိတ်ပြီး အလုပ်သမားများ၏ အင်းအားပြပွဲများ၊ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။

မေဒေးနေ့/May Day တနည်းအားဖြင့် နိုင်ငံတကာ အလုပ်သမားများ ညီညွှတ်ရေးနေ့ဟုလည်း လူသိများ သော မေဒေးနေ့သည် ၁၉ ရာစုနှောင်းပိုင်းတွင် တစ်နေ့ အလုပ်ချိန် နာရီကြာ အလုပ်လုပ်ရန် အတွက် အမေရိကန်နိုင်ငံ ချီကာဂို မြို့ရှိ အလုပ် သမားများ၏ သမိုင်းဝင် လူထုအုံကြွမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုထားခြင်းပင် ဖြစ်သည်။

 

၁၈၈၆ ခုနှစ် မေလ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့၌ တစ်နေ့အလုပ်ချိန် ၁၂ နာရီအစား နာရီသို့ ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲတစ်ခုအား ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ ချိန်တွင် အလုပ်သမား ၁ဝ ဦး သေဆုံးခဲ့ရသည်။ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲ အနေဖြင့် အာဏာပိုင်များမှ အလုပ်သမားများ၏ တောင်းဆိုမှုကို လက်ခံခဲ့ရပြီး တစ်နေ့ အလုပ်ချိန်ကို နာရီကြာသာ ထားပေးခြင်းကို တစ်ကမ္ဘာလုံးတွင် စတင်လုပ်ဆောင်ခဲ့သည်။

 

၁၈၈၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့၌ ပါရီမြို့တွင် ကျင်းပသော နိုင်ငံတကာ အလုပ်သမားများ စည်းဝေးပွဲမှ ချီကာဂို အလုပ်သမားများ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် အောင်မြင်မှုကို အသိအမှတ် ပြုသည့်အနေဖြင့် မေလ ရက်နေ့ကို နိုင်ငံတကာ အလုပ်သမားများ သွေးစည်းညီညွတ်ရေးနေ့အဖြစ် ကြေငြာခဲ့ပြီး ၁၈၉၀ ခုနှစ်ကတည်းက မေလ ရက်နေ့ကို နိုင်ငံတကာ အလုပ်သမားများ သွေးစည်း ညီညွတ်ရေးနေ့အဖြစ် ကမ္ဘာတစ်ဝှန်းတွင် အသိအမှတ်ပြုကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ 

 

 

(NN-18)

ဆက်စပ် သတင်းများ