စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင်မုန်တိုင်းကြောင့် ပိတ်ထားသည့် ရေကြောင်း၊ လေကြောင်းများ ပြန်လည်ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 782

 မုန်တိုင်းကြောင့် ရပ်နားခဲ့ရသည့် ရန်ကုန် - စစ်တွေ  ပြည်တွင်းလေကြောင်းခရီးစဥ်များအားလုံးကို ယမန်နေ့ မေလ ၁၈ ရက်နေ့မှ စတင်ပြီး ပုံမှန်ပျံသန်းနေပြီဟု လေယာဥ်လက်မှတ်အရောင်းဆိုင်များမှတဆင့်သိရသည်။ 

 

မနေ့က စပြီး ပုံမှန်အတိုင်း ပြန်သန်းနေပါပြီ။ ခရီးအသွားအလာကတော့အပြည့်လို့ ပြောလို့ရပါတယ် ဟု ပြောသည်။

 

မုန်တိုင်းကြောင့် စစ်တွေလေဆိပ်အဆောက်အဦမှာ ပျက်စီးခဲ့ရပြီး မေ (၁၅ရက်မှ စတင်ကာ ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယမန်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

မုန်တိုင်းကြောင့် ရပ်နားထားခဲ့သည့် ရခိုင်ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးများထဲမှမြောက်ဦး-စစ်တွေ၊ စစ်တွေ-ပေါက်တော-မင်းပြားခရီးစဥ် တို့ကို မေ ၁၆ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး မင်းပြား-ပေါက်တော-စစ်တွေ၊ ဘူးသီးတောင်-စစ်တွေ၊ တောင်ကုတ်-ကျောက်နီမော်-ရမ်းဗြဲ၊ကျောက်ဖြူ-စစ်တွေ ခရီးစဥ်များကို မေ ၁၇ ရက်တွင် တင်ပြေးဆွဲခဲ့သည်ဟု သိရသည်။  

 

ကျန်ရေကြောင်းခရီးစဥ်အားလုံးကိုလည်း မေ ၂၂ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဟု ရွှေပြည်တန်အမြန်ရေယာဥ်လိုင်း Facebook page တွင် ထုတ်ပြန်ထားသည်။ (NN-7

ဆက်စပ် သတင်းများ