သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် တပ်တွင်းပြဿနာဖြစ်ပွား၍ စစ်ကောင်စီတပ်သား(၃)ဦး လက်လွန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 923

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ခြေမြန်တပ်ရင်း (၅၄၂)တွင် တပ်တွင်းပြဿနာဖြစ်ပွား  စစ်ကောင်စီတပ်သား()ဦး လက်လွန်သေဆုံးသွားသည်ဟု သိရသည်။


ဖြစ်စဥ်မှာ ဇူလိုင်  ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းချင်း ထိုးကြိတ်သတ်ပုတ်ရင်းလက်လွန် သေဆုံးသွားခြင်း ဖြစ်သည်ဟု တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 

 

"သူတို့မှာ အချင်းချင်း ထိုးကြိတ်ကြရာကနေ  ပထမတစ်ယောက်သေတယ်။ နောက်ထပ်နှစ်ယောက် ထပ်သေတော့ စုစုပေါင်း  ယောက်ဖြစ်တယ်။ သေနတ်နဲ့ပစ်တာမဟုတ်ဘဲ ထိုးကြ ကြိတ်ကြရင်းနဲ့ လက်လွန်သွားလို့ သေသွားပုံပါပဲဟု ၎င်းက ဆိုသည်။ 

 

တချို့ထွက်ပေါ်နေသည့် သတင်းများတွင် တပ်ထဲမှ အရာရှိများ၏ ထိုးကြိတ်မှုကြောင့်  သေဆုံးသွားသည်ဟုလည်း ပြောဆိုကြသည်။

 

အဆိုပါ သေဆုံးသွားသူ စစ်သား ၃ ဦးအနက် ဇူလိုင်  ရက် ညဥ့် အစောကြီး   နာရီခန့်တွင် ကျောက်ဖြူ ဆေးရုံကြီးသို့ အလောင်း တစ်လောင်းရောက် ရှိလာပြီ၎င်းနေ့ နံနက်  နာရီခန့်တွင် နောထပ် အလောင်း နှစ်လောင်းထပ်မံရောက်ရှိလာသည့် အတွက် စုစုပေါင်း  ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆေးရုံဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ 

 

" ဇူလိုင် ၁ ရက် ညဉ့်မှာ ပြဿနာဖြစ်ကြတယ်။ အဲဒီညဉ့် ဇူလိုင် ၂ ရက် မနက်အစောကြီးမှာ အလောင်း တစ်လောင်း စရောက်တယ်။ မနက်မှာ နောက်ထပ် နှစ်လောင်းထပ်ရောက်တယ်။ ခမရ အမှတ်  ၄၂ တပ်ရင်းမှာ အချင်းချင်း

တ်မှုဖြစ်တာလို့တော့သိရတယ်။ အသေးစိတ်တော့ မသိရပါဘူး"ဟု အဆိုပါ အမျိုးသမီးက ပြောဆိုသည်။ 

 

သေဆုံးသည့် စစ်ကောင်စီတပ်သားများ၏ အမည်နှင့် ရာထူးများကိုမူ နိရဥ္စရာအနေနှင့် သီးခြား စုံးစမ်း၍ရှိသေးပါ။

 

ရခိုင်တွင် တာဝန်ကျ​နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားမှု၊ တပ်ထဲကနေ ထွက်ပြေးမှုများဖြစ်ပေါ်နေပြီး အထက်အောက်လေးစားလိုက်နာမှုလည်း လွန်စွာအားနည်းလာသည်ဟု ၎င်းတပ်နှင့် နီးစပ်သူက ပြောသည်။ 

 



၎င်းအပြင် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည်လည်း မကြာခဏတပ်စခန်း စွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

 

ယခုကဲ့သို့ ထွက်ပြေးမှုများမြင့်တက်လာခြင်းမှာ တပ်တွင်း သဘောထားကွဲလွဲမှုများ ပိုမိုပြင်းထန်လာ၍ ဖြစ်သည်ဟု အမည်မဖော်လိုသည့် ရခိုင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးကပြောသည်။ 

 

"ဒါကဘယ်လိုပြောမလဲ  အခုလို ကြီးနိုင်ငယ်ညှင်း အသတ်ခံ၊ အနှိပ်စက်ခံရတာတွေ နောက်ပြီး သဘောထားကွဲလွဲမှုတွေ ပိုပြင်းထန်လာလို့ ဖြစ်ရတာ။ ဒီတော့ သူတို့တွေဟာ စွန့်စားပြီး ထွက်ပြေးမှု ပိုများလာတယ်လို့မြင်တယ်။ မပြေးလည်း သူတို့အတွက် သိပ်မထူးတဲ့အနေအထားလို့ပြောရမှာပေါ့ဟု ဆိုသည်။

 

မောင်တောမြို့နယ် နခခ(လက်အောက်ခံ နယ်မြေ(ငခူရ နယ်ခြားစောင့်ရဲစခန်းတွင်လည်း 

တရားခံတစ်ဦးထွက်ပြေးသွားသည့် ဖြစ်ရပ်ဖြစ်ပြီးနောက် ဇူလိုင်လ  ရက်က စခန်းမှူး၊ အမှုစစ်အရာရှိတစ်ဦးနှင့် ဗိုလ်လေးတစ်ဦးတို့ ပ်ကိုစွန့်ခွါ ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ