တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မောင်တောမြို့နယ် ထွက်ပြေးသွားသည့် နယ်ခြားစောင့်ရဲအရာရှိ ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တစ်ရွာဝင်တစ်ရွာထွက် ပိုက်စိပ်တိုက် ရှာဖွေနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 557

(ကျေးရွာအုပ်ချုပ်ရေးမှူးများပါရှာဖွေရာတွင် ပါဝင်နေရ)

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ နခခ(၇) လက်အောက်ခံ နယ်မြေ(၅) ငါးခူရစခန်းနယ်ခြားစောင့်ရဲစခန်းမှ ထွက်ပြေးသွားသည့် နယ်ခြားစောင့်ရဲအရာရှိ  ဦးနှင့် အမျိုးသမီး တစ်ဦး တို့ကို ရဲ၊ နယ်ခြားစောင့်ရဲတပ်သားများနှင့် စစ်ကောင်စီတပ်သားများက ကျေးရွာများအထိ ဝင်ရောက်ပြီး တစ်ရွာဝင် တစ်ရွာထွက် ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။ 

၎င်းစခန်းမှ စခန်းမှူးအပါအဝင် အရာရှိ  ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် ဇူလိုင်လ ရက်၊ ညအချိန်က ထွက်ပြေးသွား ခဲ့သည့်အတွက် ယင်းနေ့မှစတင်ကာ ယနေ့ ဇူလိုင်  ရက် အထိ ကျေးရွာများအထိ ဝင်ရောက်ရှာဖွေကာ အသည်းအသန် လိုက်လံရှာဖွေ လျက်ရှိနေကြောင်း မောင်တော ဒေသခံများကပြောသည်။ 

အမည်မဖော်လိုသည့် မောင်တော ဒေသခံတစ်ဦးက " ရက်နေ့က ငါးခူရ နယ်ခြားစောင့် နယ်မြေ (၅)က ရဲစခန်းမှူးနဲ့ အရာရှိ(၃) ယောက် နောက် မိန်းမတစ်​ယောက်၊ စုစုပေါင်း (၄) ယောက် ထွက်ပြေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲတွေ၊ နယ်ခြားစောင့်တွေ၊ စစ်သားတွေပါ နေ့စဥ် ဆက်တိုက်ပဲ ဒီနေ့အထိ လိုက်ရှာနေကြတာ"ဟု ပြောသည်။



မောင်တောမြောက်ပိုင်းမှ ကျေးရွာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ တောက်လျှောက်လိုက်လံရှာဖွေနေပြီး လုံခြုံရေးလည်း တင်းကျပ်ထားသည်ဟု နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 


"ထွက်ပြေးတဲ့အထဲ စခန်းမှူးပါသွားတယ်။ ဒါကြောင့် ထင်တယ်။ တစ်ရွာဝင်တစ်ရွာထွက် မွှေနှောက်ရှာနေကြတာ ရွာအုပ်ချုပ်ရေးမှူးတွေပါ ရှာဖို့အတွက် သူတို့နောက်က ခေါ်သွားပါတယ်" ဟု ပြောသည်။


တပ်စခန်း စွန့်ခွါထွက်ပြေးခဲ့ကြသည့်အရာရှိများမှာ နယ်မြေ(၅) / ငါးခူရ နယ်ခြားစောင့်စခန်းမှစခန်းမှူး၊ အမှုစစ်အရာရှိတစ်ဦးနှင့် ဗိုလ်လေးတစ်ဦးတို့ဖြစ်ပြီး ဗိုလ်လေးဆိုသူမှာ သူ၏ ဇနီးကိုပါ ခေါ်ဆောင် ထွက်ပြေးသွားခြင်း ဖြစ်သည်။ 


၄င်းတို့ ထွက်ပြေးရခြင်းမှာ စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် တရားခံအချို့ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟုလည်း တပ်တွင်းသတင်းများအရ သိရသည်။ (NN-7)

ဆက်စပ် သတင်းများ