တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ တွင် လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့ခံ လူငယ် ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရသည်။

ဖမ်းဆီးခံရသူ ဦးမှာ စစ်တွေမြို့၊ နာဇီရွာရပ်ကွက်၊ ရေခဲစက်အနီးတွင် နေထိုင်ကြသည့် အသက် ၃၀ အရွယ်ခန့် ကိုကျော်မျိုးအောင်၊ ကိုဦးလင်းစိုးနှင့် ကိုဇော်မျိုးအောင်တို့ ဖြစ်ကြသည်ဟု သိရသည်။

သူတို့ ဦးကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်၊ နံနက် ၁၁ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံကိုင်ဆောင်ကာ နေအိမ်သို့ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"အိမ်ကိုလာပြီး ဖမ်းသွားကြတာ။ ဘာလို့ဖမ်းတာလဲတော့မသိဘူး။ ကျွန်တော်က ဖမ်းသွားတာကိုပဲ မြင်လိုက်ရတာ" ဟု ပြောသည်။

အဆိုပါ ဦးကို မည်သည့်အတွက်ဖမ်းဆီးသည်ကို မသိရသေးသလို မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုလည်း မသိရသေးသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

ယခင်တိုက်ပွဲများမှသည် တကျော့ပြန်တိုက်ပွဲ ယနေ့ကာလအထိ  စစ်ကောင်စီဘက်မှ  သံသယများဖြင့် မတရားသဖြင့် ဖမ်းဆီးထားသော အရပ်သားပြည်သူ ဦးရေ (၄၃၀) ကျော်အထိ ရှိလာပြီဟု ညီနောင်မဟာမိတ်()ဖွဲ့ သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။ (NN-11) 

ဆက်စပ် သတင်းများ