တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်ပွဲကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု သတင်းများထွက်နေ၍ ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

(ဗုံးခိုကျင်းတူးသူများကိုလည်း အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်)

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ပွဲဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စိုးရိမ်နေရသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနအား ပြောကြားသည်။

တောင်ကုတ်တွင်  စစ်ပွဲကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု သတင်းများထွက်နေ၍ ဒေသခံများစိုးရိမ်

၎င်းပြင် ဗုံးခိုကျင်းတူးသူများကို အရေးယူရန် စစ်ကောင်စီက ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်တွင်ယမန်နေ့ ဖေဖော်ဝါရီ ၄ရက်နေ့ကစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း မြို့ပတ်ပြီး မြို့ပေါ်ရပ်ကွက်အိမ်တစ်ချို့ကိုဝင်ရောက်စစ်ဆေးကာ ဗုံးခိုကျင်းတူးထားသည့် နေအိမ်များကို ပြန်ဖို့ခိုင်းသည်ဟု တောင်ကုတ်မြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" စကစ စစ်သားတွေမြို့ထဲမှာ လှည့်ပတ်သွားလာတာရှိတယ်။ တချို့အိမ် တွေကို ဝင်စစ်လို့ရှိတယ်။ ဗုံးခိုကျင်းတူးထားတဲ့ အိမ်တွေကို တွင်းကိုပြန်ဖို့ဖို့ သတိပေးခံရတယ်မဖို့ရင် အရေးယူဖို့ ခြိမ်းခြောက်တယ်" ဟု ပြောသည်။

ယင်းအပြင် တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ ဘေးလွတ်ရာကိုရွေ့ပြောင်းသွားသည့် လူအချို့‌၏နေအိမ်များကိုလည်း ချိတ်ပိတ်ခံရမည့်သတင်းများထွက်ပေါ်နေသဖြင့် စိုးရိမ်နေကြရသည်ဟု  နောက်ထပ်တောင်ကုတ်ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" နယ်တွေကို ရွေ့ပြောင်းသွားတဲ့သူ‌ တွေရဲ့ နေအိမ်ကိုခြိတ်ပိတ်ပြီးသိမ်းဖို့အထိ စစ်ကောင်စီဖက်က အသံတွေထွက်နေတယ်။ အတိကျတော့မသိရသေးဘူး။ကျနော်တို့လည်းစိုးရိမ်နေပါတယ်" ဟုပြောသည်။

လမ်းပန်းဆက်သွယ်ရေးတွင် ကျန်းမာရေးအရသွားလာသူများကို ထွေအုပ်ထောက်ခံစာဖြင့် သွားလာခွင့်ပြုထားသော်လည်း ကုန်ပစ္စည်းများကိုတင်သွင်းခွင့်မပြုသည့်အတွက်  ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိသည်ဟု မြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" ဓာတ်ဆီ  ဈေးနှုန်းက လွန်ခဲ့တဲ့ ၁လက ၂၅၀၀၀ ထိ ဈေးတက်သွားတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ၁၅၀၀၀ လောက်ပါ။ အခု စစ်ဖြစ်မယ်ဆိုတဲ့သတင်းကြောင့်ဆီလှောင်ထားတဲ့သူတွေကဈေးလျှော့ပြီး ၈၅၀၀ ထိ‌လျှော့ရောင်းနေကြတယ်။ အစားအသောက်ကုန်စည်စီးဆင်းမှုကတော့ ပြတ်တောက်လုနီးပါးဖြစ်နေပြီ " ဟုပြောသည်။

လက်ရှိတောင်ကုတ်မြို့ပေါ်လည်း စစ်ကောင်စီတပ်ကလုံခြုံရေးယူ ကင်းလှည့်သွားလာမှုရှိနေပြီး မြို့၏ ရေကြောင်း ထွက်ပေါက် ဆိပ်ကမ်းများတွင်လည်း နေ့စဥ် ကင်းပုန်းဝပ်လှုပ်ရှားမှုများရှိနေကြောင်း မြို့ခံများကပြောသည်။ (NN-11) 

ဆက်စပ် သတင်းများ