- Web Master
- ၀၄ မေ ၂၀၂၄
စိုးစံအောင် ၊ နိရဥ္စရာ ၊ ဧပြီ ၂၁ / ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့မရဲစခန်းမှူး စခန်းမှထွက်ပြေးပြီးနောက်ပိုင်း ရဲတပ်ကြပ် တစ်ဦးမှာလည်းစခန်းမှ ထွက်ပြေးသွားခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်နှင့် မြို့ခံများကပြောသည်။
ထွက်ပြေးသွားသူမှာ ရဲတပ်ကြပ်ကြီး လှထွန်း ဆိုသူဖြစ်ပြီး မြောက်ဦးမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့ခံသတင်းရင်းမြစ်တစ်ဦးက" ထွက်ပြေးသွားတာက တပ်ကြပ်ကြီးလှထွန်းလို့သိရတယ်။ တောင်ကုတ်စခန်းမှာတာဝန်ကျနေရာကထွက်ပြေးသွားတာလို့သိထားရတယ်။သူထွက်ပြေးတာကို ကျွန်တော်တို့သိရတာတော့ ဒီနေ့မနက်ပိုင်းမှာစပြီးသိရတာ" ဟု ပြောသည်။
၄င်းတပ်ကြပ်ကြီးနှင့်အတူ လက်နက်ခဲယမ်းများပါသွားခြင်းရှိမရှိကိုမူ မသိရှိနိုင်ကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောသည်။
" သုံးလေးရက်တော့ရှိပြီ။ပြေးသွားတဲ့ဖြစ်စဥ်ကတော့ဟုတ်ပါတယ်" ဟု ၄င်းကပြောသည်။
တောင်ကုတ်မြို့မရဲစခန်းမှူး စန်းညွန့်မှာ ခရိုင်မှူး၏ဖိနှိပ်ဆက်ဆံမှုများကြောင့် ဧပြီလ ၃ ရက်၊ ညအချိန်က စခန်းမှ လက်နက်မဲ့ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးမှုများရှိနေပြီး အလုပ်ထွက်ရန် ပြင်ဆင်နေသူများလည်းရှိကြောင်း သိရသည်။
ဧပြီလ ၁၂ ရက်ကလည်း တောင်ကုတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းမောင် (၅၀) နှစ်ကို စစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။