သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရခိုင်အရေးကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

(အာရက္ခတပ်တော် AA မှ တပ်ဖွဲ့၀င်များ လက်နက်များကိုင်ဆောင်ပြီး လောင်တလိုင်းမြို့ သို့ ဝင်ရောက်ခဲ့သည်ဟုဆို)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၄

ရခိုင်နယ်စပ်အရေးကြောင့် မီဇိုရမ်ပြည်နယ်၊လောင်တလိုင်းခရိုင်ရှိအိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် တွင် လုံခြုံရေး တင်းကြပ်လျက် ရှိကြောင်းThe Sentinel က ယနေ့တွင် သတင်းဖော်ပြသည်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်းခရိုင်ရှိအိန္ဒိယ -မြန်မာ နယ်စပ်တလျှောက် တွင်လုံခြုံရေးကို တင်းကြပ်စွာလုပ်ဆောင်လျက်ရှိကြောင်း လောင်တလိုင်းခရိုင်ဒုတိယ ကော်မရှင်နာ Cheemala Siva Gopal Reddy က ပြောကြားသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လောင်တလိုင်းခရိုင်အတွင်း ဝင်ရောက်လာသူများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ နယ်စပ်တလျှောက် တွင်လုံခြုံရေးကို တင်းကြပ်စွာ ချထားကြောင်း Central Young Lai Association (CYLA) အဖွဲ့ အပါအဝင် အရပ်ဘက်လူမှု အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်Reddy က အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

"နယ်စပ်လုံခြုံရေး အခြေအနေကိုအာသံရိုင်ဖယ်တပ်ဖွဲ့၊ နယ်ခြားစောင့်အရံတပ်ဖွဲ့နဲ့ ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ နယ်စပ် လုံခြုံရေးအစီအမံတွေကို ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ နယ်စပ်ဒေသတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ကိုထပ်ပြီးတိုးမြှင့်ချထားပါ မယ်" ဟု ၄င်းကထပ်လောင်းပြောဆိုသည်။

မကြာသေးမီက အာရက္ခတပ်တော် AA မှ တပ်ဖွဲ့၀င်များသည်လက်နက်များကိုင်ဆောင်ပြီး လောင်တလိုင်းမြို့ သို့ ဝင်ရောက်ခဲ့သည်ဟု လောင်တလိုင်းခရိုင်ဒုတိယ ကော်မရှင်နာ Cheemala Siva Gopal Reddy နှင့်တွေ့ဆုံခဲ့စဉ် CYLA အဖွဲ့က အထက်ပါ အတိုင်းအခိုင်အမာပြော ဆိုခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဒုက္ခသည် အများအပြား လောင်တလိုင်းခရိုင်အတွင်း နေထိုင်လျက် ရှိကြောင်းကို ခရိုင် ဒုတိယ ကော်မရှင်နာ Reddy က အသိအမှတ်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်တောင်ပိုင်းရှိလောင်တလိုင်းခရိုင်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံ စလုံးနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

ဒုက္ခသည် များကို လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ကယ်ဆယ်ရေးများ ဆောင်ရွက် ပေးနေချိန်တွင် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို ဦးစားပေးလုပ်ဆောင်ရန် လည်း အရေးကြီးကြောင်း Reddy က အလေးပေးပြောကြားခဲ့သည်။ Source/The Sentinel

ဆက်စပ် သတင်းများ