တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အဆက်အသွယ်မရပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဉ္ဇာနွယ်/နိရဉ္စရာ၊ ဧပြီ ၁၁/၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ၊အင်းကြင်းမြိုင် (နတလ) ကျေးရွာတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သုံးရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ် မရ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ စိုင်းဒင်အထက်ပိုင်း‌ ကျေးရွာများမှဖြစ်ပြီး ဦးကိုသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင်၊ ဦးရွှေလှနှင့် ဒေါ်စိန်ခေါင်တို့ဖြစ်သည်။

၎င်းတို့သည် ၅ ဦးသည် ူးသီးတောင်မြို့နယ် အင်ကြင်းကျေးရွာကို စျေးဝယ်လာစဉ်  ဧပြီ ၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က ခမရ(၅၅၁)တပ်ရင်းမှ တပ်သားများမှ  ရွာထဲသို့ဝင်ရောက်ပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့  ပြောသည်။

" သူတို့က အင်ကြင်းမြိုင်ကို ဈေးလာဝယ်တာ။ ခမရ ၅၅၁ တပ်က စစ်သား‌တွေဝင်ပြီး ဖမ်းတာ။ ဘာအပြစ်မှ မရှိဘဲ ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းသွား မှန်းမသိဘူး။ ၅၅၁ ထဲကိုပဲ ခေါ်သွားတယ် " ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ ၃ ရက်ကြာသည်ထိ  အဆက်အသွယ်မရသဖြင့် စိုးရိမ်နေကြကြောင်း မိသားစုဝင်များက ပြောသည်။

" အခုချိန်ထိ မိသားစုတွေနဲ့ရော ရွာကလူတွေနဲ့ရောအဆက်သွယ်မရကြသေးဘူး။ အဲဒီလို အကြောင်း မရှိ အကြောင်းရှာပြီး ဖမ်းနေလို့ စိတ်ပူနေရပါတယ်" ဟုပြောသည်။

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ယခု ရက်နေ့ကလည်းကောင်း၊  ခမရ (၅၅၂) တပ်ရင်းနှင့် တောင်ဘဇားစခန်းကို မတ်လ ၂၅ ရက်နေ့ကလည်းကောင်း  သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့အနီးအနားထိ တိုက်ပွဲများဖြစ်ပွားလာနေသဖြင့်  မြို့ပေါ်ဒေသခံများ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရသည်မှာ ၂လခန့်ကြာမြင့်နေပြီဖြစကြောင်းသိရသည

ဆက်စပ် သတင်းများ